Skip to main content

မြိတ်မြို့တွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးအတွက် လေဆိပ်၊ ကားဂိတ်နှင့် သင်္ဘောဆိပ်တို့တွင် စစ်ဆေးလျက်ရှိ

မြိတ်  ဇန်နဝါရီ  ၂၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအတွက် လေဆိပ်၊ ကားဂိတ်နှင့် သင်္ဘောဆိပ်တို့၌ မြိတ်မြို့သို့ရောက်ရှိလာသည့် ခရီးသည်များအား ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့တွင် Control T . Infrared Thermoscope စမ်းသပ် ကိရိယာဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“လူတစ်‌ယောက်တွင် ပုံမှန်အပူချိန်သည် ၃၈ ဒီဂရီစင်တီဂရိတ်ရှိပါတယ်။ ဒီထက်ပိုရင် အဖျားရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကတော့ အဖျား(၁၀၁)ကျော်ပါတယ်။ သူ့ရဲ့လက္ခဏာကတော့ ခေါင်းကိုက်တာ၊ လည်ပင်းနာတာ၊ ချောင်းဆိုးတာ လက္ခဏာတွေ့ရင်တော့ သံသယအနေနဲ့ သူတို့ကို အချိန်မီ ညွှန်းပို့ပေးမှာပါ။ အနယ်နယ် အရပ်ရပ်ကလာတဲ့ ခရီးသည်တွေကို စစ်ပါတယ်။ အထူးသဖြင့် နယ်စပ်ကလာတဲ့သူတွေကို အဓိက စစ်ပါတယ်။ ပြည်သူ့ဆေးရုံမှာတော့ အရေးပေါ်အခန်းတွေကို ပြင်ဆင်ထားရှိပါတယ်” ဟု ကျန်းမာရေးမှူး ဦးဇော်လွင်ထွန်း က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူမရှိစေရေး မြိတ်လေဆိပ်၊ အဝေးပြေးကားဝင်းနှင့် သင်္ဘောဆိပ်တို့၌ စစ်ဆေးဆောင်ရွက်ရာတွင် ခရီးသည်များမှ စမ်းသပ်စစ်ဆေးမှုအား စနစ်တကျ စစ်ဆေးမှုခံယူခဲ့ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)