Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော်  ဇန်နဝါရီ  ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။

ဖေဖော်ဝါရီ ၁ ရက် (စနေနေ့) တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် ကျောင်းသားလူငယ်များ ငယ်စဉ်အခါ၌ ပညာကို ဂရုတစိုက်သင်ကြားသင့်ပုံ အကြောင်းကို တင်ဆက်ထားသည့် ဆရာဇလွန်ကျော်ဦး၏ “ဘဝတန်ဖိုး” မျက်နှာဖုံး ကာတွန်း၊ လူများဖြစ်လေ့ဖြစ်ထ ရှိသော ဖြစ်ရပ်အချို့ကို ဗဟုသုတ ဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ရွှေသွေး သုတ” သုတဆောင်းပါး၊ မိမိ၏ ပစ္စည်းဥစ္စာပင် ဖြစ်သော်လည်း သူတစ်ပါးအား ပေးကမ်းသောအခါ၌ စိတ်ကောင်းစေတနာ ကောင်းဖြင့် ပေးကမ်းသင့်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “တွန့်တိုမှု၏နောက်ဝယ်” နှစ်မျက်နှာကာတွန်းနှင့် သူတစ်ပါး ပြောဆိုသောစကားကို မိမိ၏ ပညာဉာဏ်ဖြင့် မချင့်ချိန်ဘဲ ယုံစားမိသည့် ကောသလပြည့်ရှင် ကောသလ မင်းကြီး အကြောင်းကို ရေးဖွဲ့တင် ဆက်ထားသည့် ကလေးပုံပြင်အပါအဝင် ရွှေသွေးအင်္ဂလိပ် သဒ္ဒါ၊ ဉာဏ်စမ်းကဏ္ဍ ကဗျာစုံလင်စွာဖြင့် ရေးဖွဲ့ ထားသည့် ဖတ်စရာမှတ်စရာများ ပါရှိကြောင်း သိရသည်။

သတင်းစဉ်