Skip to main content

"စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များ အသိပညာပေးဆွေးနွေးပွဲ အပိုင်း (၃)” ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၇

“စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များ အသိပညာပေးဆွေးနွေးပွဲ အပိုင်း (၃)” ဆွေးနွေးပွဲကို ယနေ့ည (၇) နာရီအချိန်က  အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆရာ ချစ်ဦးညိုက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မူပိုင်ခွင့်အသိပညာပေး Video Clip ပြသပြီး စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်း စီမံခန့်ခွဲ သည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးအောင်က စာပေအနုပညာ မူပိုင်ခွင့်နှင့်စာချုပ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ဦးမျိုးအောင် (ကော်မတီအဖွဲ့ဝင်၊ ထုတ်ဝေသူ)၊ ဒေါက်တာသာထွန်းဦး (တူဒေးစာအုပ်တိုက်)၊ ဦးသိန်းအောင် (ဥပဒေပညာရှင်)နှင့် ဦးမြင့်သူ(ကော်မတီအဖွဲ့ဝင်၊ အိုင်တီပညာရှင်) တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

MOI