တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်သူ ပါမောက္ခမှသည်၊ ဆရာ၊ ဆရာမများဟာ လူထုလိုအပ်ချက်၊ စက်ရုံတွေလိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ဖြည့်ဆည်းသွားကြရမှာ ဖြစ်ပါတယ်။ တက္ကသိုလ်တည်ရှိရာ ဒေသ လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် လိုအပ်တဲ့ လူသားကျွမ်းကျင်မှု အရည်အသွေးတွေ၊ ကျွမ်းကျင်မှု အမယ်စုံကို မွေးထုတ်ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် တက္ကသိုလ်ကောလိပ်တစ်ခုဟာ သူရှိနေတဲ့ဒေသမှာ နိုင်ငံတော်ရဲ့ရတနာပါပဲ။ စိန်ကောင်းကျောက်ကောင်း တစ်ပွင့်ပါပဲ။