အခုရက်ပိုင်းအတွင်းမှာ ကျေးဇူးရှင်ဆရာ ဆရာမကြီးတွေကို အထူးပဲ သတိရနေမိတယ်။ သူတို့ကျေးဇူးနဲ့ မြန်မာပြည်ကြီးမှာ “ကျောက်ကြီးရောဂါ” (Smallpox) လုံးဝပျောက်သွားခဲ့တယ်။ ရာစုနှစ်တစ်ဝက် ရှိသွားပါပြီ။ ပြည်သူ့ကျန်းမာရေး (Public Health) ကဏ္ဍရဲ့ သမိုင်းဝင်အောင်ပွဲကြီးလည်း ဖြစ်ပါတယ်။ တိုင်းပြည်လွတ်လပ်ရေး ရပြီးချိန်မှာ မြန်မာ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ လက်ရုံးကို ဆန့်တန်းပြလိုက်တဲ့ပွဲလည်း ဖြစ်ပါတယ်။ အောက်ခြေက စွန့်စားအကောင်အထည်ဖော်ခဲ့ရတဲ့ “ကျောက်ထိုးဆရာ” တွေကြောင့်လည်း ကျွန်တော်တို့ဆရာကြီးတွေရဲ့ စီမံချက်တွေ အောင်မြင်ခဲ့ရတယ်ဆိုတာ သေချာပါတယ်။