စီးပွားရေးတည်ငြိမ်မှုနှင့် နိုင်ငံရေးတည်ငြိမ်မှု
နိုင်ငံရေးဆိုတာ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာ အကောင်း၊ အဆိုးကို အဓိကအခန်းကဏ္ဍကနေ ပြဋ္ဌာန်းပေး တဲ့ အခြေခံအကြောင်းတရားကြီးဖြစ်တယ်ဆိုတာ ကို နိုင်ငံရေးသိပ္ပံပညာရပ်က အတိအလင်းဖွင့်ဆို ထားပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ နိုင်ငံရေး တည်ငြိမ်မှုကို အခြေခံပြီးတော့မှကျန်တဲ့စီးပွားရေး၊ ပညာရေး၊ လူမှုရေးစတဲ့ ဘက်စုံကဏ္ဍတွေအားလုံး ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်တာမို့ လို့ပဲဖြစ်ပါတယ်။ ဒီထက်ပိုတိကျအောင်ပြောရရင်တော့ နိုင်ငံရေးတည်ငြိမ်မှုရှိမှ စီးပွားရေးတည်ငြိမ်မှု ရှိဖို့ အာမခံချက်ပေးနိုင်မှာဖြစ်ပြီးတော့ စီးပွားရေး တည်ငြိမ်မှုက စောစောကပြောတဲ့ နိုင်ငံတစ်ခုရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အာမခံချက်ပေးနိုင် တာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါ စီးပွားရေး တည်ငြိမ်မှုကို နိုင်ငံရေးတည်ငြိမ်မှုက ပံ့ပိုးမှုကောင်းစွာပြုနိုင်တာနဲ့အမျှ စီးပွားဖြစ်ထွန်းမှုကို ဖန်တီးနိုင်ပြီး တော့ နိုင်ငံတစ်ခုဟာ စီးပွားရေးအရတောင့်တင်းလာလေ နိုင်ငံသားတွေရဲ့ လူနေမှု အဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်းတွေကိုမြှင့်တင်ပေးနိုင်ရုံ မျှမက နိုင်ငံရေးစနစ်ကို ပိုမိုကောင်း မွန်ပြည့်စုံရေး တည်ဆောက်နိုင်ဖို့ အပြန်အလှန်အားဖြင့် အားဖြည့်ပေးတယ် လို့ဆိုပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့နဲ့ စီးပွားရေး တည်ငြိမ်မှုရှိဖို့ ဆိုတာဟာ တစ်ခုကိုတစ်ခု အပြန်အလှန်ကောင်းစွာအထောက်အပံ့ပြုပေးနေတာ ဖြစ်တယ် လို့ဆိုရမှာဖြစ်ပါတယ်။ ။
