Skip to main content

ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်လာစေရေး ယူနက်စကိုသို့ တင်သွင်းမည်

ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်လာစေရေး ယူနက်စကိုသို့ တင်သွင်းမည် ဘားအံ ဒီဇင်ဘာ၁ စောမျိုးမင်းသိန်း

ကံ့ကော်တောသမိုင်း

ရှေးယခင်နှစ်ပေါင်းများစွာက ဤမြကျွန်းသာမြေသည် ပဲခူးရိုးမတောင်ဘက်စွန်းစွန်း တောတောင်ထူထပ် ပန်းစုံပင်စုံပေါက်ရောက်ရာ တောရိုင်းမြေအဖြစ် ရှိခဲ့ပေလိမ့်မည်။ ယခု အင်းလျားကန် မြောက်ဘက်ကမ်းနှင့် တက္ကသိုလ်တောင်ဘက်ကမ်းတို့သည် ထိုအချိန်က လျှိုနံရံများ ဖြစ်ပေမည်။ မြောက်ဘက်လျှိုနှင့် တောင်ဘက်လျှိုကြား အလျားလိုက် အင်း၊ အိုင်၊ ရေကန်များဖြင့် သဘာဝကျကျ ရှိနေပေမည်။ ကိုလိုနီခေတ်ဦး အုပ်စိုးသူများအနေဖြင့် ရန်ကုန်၌နေထိုင်သူဦးရေနည်းပါးစဉ် ကန်တော်ကြီးကိုဆယ်၍ သောက်သုံးရေ ဖြန့်ဝေပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် လူဦးရေများပြားလာချိန်မှာ ဖော်ပြပါ မြောက်ဘက်လျှို (ယခုမေခ၊ မလိခဘက်) နှင့် တောင်ဘက်လျှို (ယခုတက္ကသိုလ်ဘက်) နှစ်ခုကြား အလျားရှည်စွာတည်ရှိသော အင်းများ၊ အိုင်များ၊ ရေကန်များကို အနောက်ပြည်လမ်းဘက်မှ လည်းကောင်း၊ အရှေ့ ရန်ကင်းဘက်မှ လည်းကောင်း နှစ်ဖက်ပိတ်ဆည်အဖြစ် ဗြိတိသျှတို့က တည်ဆောက်ပြီး ရန်ကုန်မြို့ကြီးအား သောက်သုံးရေ ဖြန့်ဝေပေးခဲ့ကြသည်။ နောင်တွင် အလျားရှည်စွာသော အင်းရေပြင်ကြီးသည် ကံ့ကော်တောသမိုင်းဖြစ်စဉ်ရှိ အင်းလျားကန်ကြီးအဖြစ် မြကျွန်းသာနယ်၌ ထင်ရှားလျက်ရှိနေပေသည်။

ပဲခူးသာလျှင် ဇေယျာဆောင်မြတ်နက်သန်တည်း

ကျွန်တော်သည် ဥပစာတန်းသားဘဝက ရန်ကုန် တက္ကသိုလ် ပဲခူးဆောင် ပထမထပ် အခန်းနံပါတ် ၅၈ တွင် နေရပါသည်။ အခန်းဖော်မှာ တောင်ငူမှ ကိုကို (နောင်တွင် မြို့ပိုင်အဖြစ် အမှုထမ်းသူဖြစ်ပါသည်။) အခန်းချင်းကပ် လျက်တွင် မိတ္ထီလာသား ကိုမောင်မောင်လင်း (နောင် တွင် ဒဂုံတက္ကသိုလ်၊ သတ္တဗေဒဌာန၊ တွဲဖက်ပါမောက္ခ) နှင့် သထုံသား ကိုခင်မောင်မြင့် (ရန်ကုန် အရှေ့ပိုင်းဆေးရုံ)တို့ နေကြပါသည်။

အလွမ်းဖွဲ့သော လွမ်းဖွယ့်တက္ကသိုလ်

ဪ ရန်ကုန်တက္ကသိုလ်ကြီးပင် နှစ် ၁၀၀ ပြည့် (ရာပြည့်) တိုင်ခဲ့ပါပြီကော။ ကိုယ့်အသက်သည်လည်း ၇၀ အတွင်း ချင်းနင်းဝင်ခဲ့ပြီကိုး။ ဟိုးလွန်ခဲ့တဲ့ နှစ် ၅၀၊ တက္ကသိုလ်ရွှေရတုသဘင် နှစ်မှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကြီးကို စတင်ခြေချ ဝင်ရောက်ခွင့်ရပါတယ်။ စက်မှု၊ စိုက်ပျိုးရေး၊ ပညာရေး၊ စီးပွားရေး၊ ဆေး ၁ ၊ ဆေး ၂ ၊ တိမွေးကု၊ ဆေးတက္ကသိုလ်-မန္တလေး၊ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်ကြီး ၁၀ ခုကို ၁၉၆၄ ခုနှစ်မှာ ခွဲထုတ်လိုက်ပြီး ခြောက်နှစ်အကြာ စနစ်သစ်ပညာရေး အသားကျစ ပြုနေချိန်ပေါ့။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ဝိဇ္ဇာပညာရပ်ကိုးမျိုးနဲ့ သိပ္ပံပညာရပ်ခုနစ်မျိုးကိုသာ သင်ကြားပေးပါတော့တယ်။

ရာပြည့်တက္ကသိုလ်ကြီးနှင့် ဘဝမှတ်တမ်း

ရန်ကုန်တက္ကသိုလ် ရာပြည့်အခါသမယမှာ အမိတက္ကသိုလ်ရဲ့ အမှတ်တရပုံရိပ်များကို ပြန်လည်တွေးမြင်မိတိုင်း အမှတ်ထင်ထင်ဖြစ်ရတဲ့ အကြောင်းတရား များစွာရှိခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ကျွန်မဘဝအတွက် မှတ်တိုင်လေးဖြစ်ခဲ့ပါ တယ်။ တက္ကသိုလ်ဆရာမဘဝ နည်းပြမှ ပါမောက္ခဌာနမှူးအထိ နှစ်ပေါင်း ၃၀ ကျော် တက္ကသိုလ်ကောလိပ်အသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့ရပေမယ့် ရန်ကုန်တက္ကသိုလ်မှာ တာဝန်ယူဆောင်ရွက်ခဲ့ရတဲ့အချိန်က ပိုများနေလို့ပါ။

အမိတက္ကသိုလ်နှင့် ရင်သို့တိုးဝှေ့ဆဲ အမှတ်တရများစွာ ...

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဆောင်းပါးများ နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်ရက်ဆက် ပါရှိနေသည်။ အများစု ရေးသားကြသူများမှာ တက္ကသိုလ်အသိုင်းအဝိုင်းတွင် ကျင်လည်ခဲ့သော အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တက္ကသိုလ် ဆရာ၊ ဆရာမကြီးများဖြစ်ကြသည်မို့ အမိတက္ကသိုလ်၏ ရင်ခွင်တွင် အချိန်ကြာမြင့်စွာ နားခိုရခဲ့သူများဖြစ်ကာ ပိုမိုရေးသားနိုင်စွမ်းလည်း ရှိကြပါပေသည်ဟု မုဒိတာပွားမိပါသည်။

ကျိုက်မရော၌ ရာဘာပေါက်စျေးမြင့်လာ၍ ရာဘာခြံရှင်များ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးအဆင်ပြေ

ကျိုက်မရော၌ ရာဘာပေါက်စျေးမြင့်လာ၍ ရာဘာခြံရှင်များ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးအဆင်ပြေ ကျိုက်မရော နိုဝင်ဘာ ၃၀ ချိုမြတ်မြတ်ထွေး
Subscribe to