မဲစာရင်းမှာ ပါ,ပါမှ
မြန်မာနိုင်ငံ၏ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် “အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့” (Credible Elections Paving the Way to Democracy) ဟူသော ဆောင်ပုဒ်ချမှတ်ကာ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒ နှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေရေးဟူသည့် စံ ၅ ချက်နှင့်အညီ ရွေးကောက်ပွဲများကို ကျင်းပသွားမည် ဟု သတင်းများအရ သိရပါသည်။
