စိုးရိမ်ပူပန်နေသော အောက်ဆီဂျင်ကိုသတိမူ
ယခုအခါတွင် ပြည်သူလူထုကြားတွင် အောက်ဆီဂျင်လိုအပ်မှုများ အထူးမြင့်မား နေရာ အောက်ဆီဂျင်ရနိုင်သောနေရာများတွင် ပြည်သူများ ကြိတ်ကြိတ်တိုးဝှေ့ ဝယ်ယူနေကြသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်များ ဖြစ်ပေါ်နေသဖြင့် ထိုလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရေးအတွက် နိုင်ငံတော်နှင့်တပ်မတော်ပိုင် အောက်ဆီဂျင်စက်ရုံများ၊ ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံများတွင် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက် လျက်ရှိသည်။