ကပ်ရောဂါဘေးကျော်လွှားမှ ပြည်သူများဘဝစိတ်ချမ်းသာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇူလိုင် ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၉၆၉ ဦးတွေ့ရှိခဲ့ပြီး ထပ်မံ သေဆုံးသူ ၄၂ ဦးရှိသည်။ မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းကာလအတွင်း နေ့စဉ်နှင့် အမျှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တိုးပွားနေပြီး သေဆုံးသူများလည်း နေ့စဉ်များပြားလာသည်ကို တွေ့ရသည်။