နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီရေးအတွက် လူသားအရင်းအမြစ် မြင့်မားအောင်မြှင့်တင်
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဟူသည် ၎င်းနိုင်ငံတွင် ရှိသည့် အရင်းအမြစ်များကို မှန်ကန်ထိရောက်စွာ စီမံခန့်ခွဲ ခြင်းမှ ထွက်ပေါ်လာသော အကျိုးရလဒ်ဖြစ်သည်။ အရင်း အမြစ်များဟုဆိုရာတွင် အဓိကအားဖြင့် လူသားအရင်း အမြစ်၊ ငွေကြေးအရင်းအမြစ်နှင့် ရုပ်ဝတ္ထုအရင်းအမြစ် တို့ဖြစ်ပြီး 3Ms (Men, Money, Material) ဟုဆိုကြသည့် ၎င်းအရင်းအမြစ်များ မိမိတို့တွင် မပြည့်စုံသေးပါကလည်း ပြုစုပျိုးထောင်ရန်၊ စုဆောင်းရန် လိုအပ်သည်။ ဆိုခဲ့ပါ အရင်းအမြစ် သုံးရပ်အနက် လူသားအရင်းအမြစ်က အခြေခံအကျဆုံးနှင့် အရေးပါဆုံးပင်ဖြစ်သည်။