မြန်မာ့အလင်းအယ်ဒီတာအာဘော်
ကာကွယ်ရေးစွမ်းအား မြင့်မားအောင် မြှင့်တင့်
ခေတ်သစ်မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ ယှဉ်တွဲ၍ ပေါ်ထွန်းလာခဲ့သော တပ်မတော်ဖြစ် သည်။
ပဒေသရာဇ်ခေတ်နှောင်းကာလ မြန်မာ့အုပ်ချုပ်ရေးမဏ္ဍိုင် တွင် ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲ ပြိုကွဲနေချိန်၊ စစ်ရေးအင်အား ကလည်း ခေတ်မမီချည့်နဲ့နေခဲ့ခြင်းက နယ်ချဲ့တို့၏ တစ်ရစ်ပြီး တစ်ရစ် ဝါးမျိုခြင်းကိုခံခဲ့ရပြီး ကျွန်သပေါက်ဘဝကျရောက်စေခဲ့ရ သည်။
အကုန်အကျနည်းအောင် အသုံးအစွဲကို ဆင်ခြင်
အကုန်အကျနည်းအောင် အသုံးအစွဲကို ဆင်ခြင်ခြင်းက ချွေတာ ခြင်းပင်ဖြစ်သည်။ မိမိတို့ တစ်ဦးချင်းအနေဖြင့် ဖြစ်စေ၊ မိသားစု အတွင်း၌ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံလုံးအနေဖြင့်ဖြစ်စေ အခြေအနေ အရ လိုအပ်လာပါက ချွေတာကြရသည်။ ချွေတာခြင်းဟူသည် သုံးစွဲမှုကို ပိတ်ပင်တားမြစ်ခြင်းမဟုတ်ဘဲ စိစစ်၍၊ ဆင်ခြင်၍ သုံးစွဲခြင်းဖြစ်ပြီး အလေ့အထကောင်းတစ်ရပ်ဖြစ်သကဲ့သို့ အကျိုး ရလဒ်ကောင်းကိုလည်း ရရှိစေသည်။
ဆွဲယူခြင်းအကြောင်းတရားတို့ ဖန်တီး
မကြာသေးမီ ရက်သတ္တပတ်များအတွင်းက အိမ်နီးချင်းနိုင်ငံများ တွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်ရန် တရားမဝင် လမ်းကြောင်းများမှ သွားရောက်ခဲ့ကြသည့် မိမိတို့နိုင်ငံသားများ တစ်သုတ်ပြီးတစ်သုတ် ဖမ်းဆီးခံခဲ့ကြရသည့် သတင်းများကို တွေ့ရှိရသည်။ တစ်ဖက်နိုင်ငံမှ တရားမဝင် လူဝင်လူထွက်မှု များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည့်ကြားမှပင် လူပွဲစားတို့၏ မမှန် မကန် ဖြားယောင်းမှုကို ယုံကြည်ပြီး သွားခဲ့ကြသူများ ဒုက္ခ တွေ့ကြရခြင်းပင်ဖြစ်သည်။