မြန်မာ့အလင်းအယ်ဒီတာအာဘော်

ကျန်းမာရေးအတွက် ဆေးတစ်လက်

ကိုယ်စိတ်နှစ်ဖြာ   ကျန်းမာချမ်းသာရေးကို    လူတိုင်းအလိုရှိ ကြသည်။  အလိုရှိကြသည့်အလျောက်  ဆုတောင်းဆုပေးလည်း ပြုကြသည်။ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာရေးဟုဆိုရာတွင် ကျန်းမာရေးက  အရင်းခံကျသည်။   စည်းစိမ်ချမ်းသာ  မည်မျှ ကြွယ်ဝပြည့်စုံစေကာမူ ကျန်းမာရေးမပြည့်စုံပါက ချမ်းသာသည် မမည်။ သို့ဖြစ်သည့်အလျောက် လူတိုင်းလူတိုင်းက  ကျန်းမာရေး အသိဖြင့်     နေ့စဉ်ဘဝကို   ကျန်းမာရေးနှင့် ညီညွတ်စွာသွားလာ လှုပ်ရှား နေထိုင်စားသောက်နိုင်ကြရန် လိုသည်။

စည်းလုံးခြင်းသည် အခြေခံအုတ်မြစ်

 

ဗြိတိသျှနယ်ချဲ့လက်အောက်      သူ့ကျွန်ဘဝမရောက်ခင်က မြန်မာနိုင်ငံသည် ဘုရင်အုပ်ချုပ်သည့် ပဒေသရာဇ်နိုင်ငံဖြစ်သည်၊၊ မြန်မာနိုင်ငံသာမက    အာရှတိုက်တစ်ခုလုံး   အရှေ့တိုင်းပုံစံ ပဒေသရာဇ်စနစ်ကို ကျင့်သုံးနေကြခြင်းဖြစ်သည်၊၊ နိုင်ငံများ၏ ပိုင်နက်နှင့် နယ်စပ်စည်းမျဉ်းများက ပဒေသရာဇ်မင်းတို့ အင်အား ကြီးလျှင်ကြီးသလောက်၊ လက်ရုံးဆန့်တန်းနိုင်လျှင် ဆန့်တန်းနိုင် သလောက် ကျယ်ဝန်းကြရသည်၊၊ အုပ်ချုပ်ရေးဗဟိုသည် မြို့ပြ ယဉ်ကျေးမှု Civilization အဖွံ့ဖြိုးဆုံး၊ စီးပွားရေးအချက်အချာ၊ ကာကွယ်ရေးစွမ်းအား အတောင့်တင်းဆုံးနေရာတို့မှာ တည်ရှိသည်၊၊ 

 

နိုင်ငံ့အားသုံးအားကို ပြည်တွင်းအားဖြင့် တည်ဆောက်

 

၂၀၁၁ခုနှစ်၊ ဧပြီလ ၁ ရက်နေ့။ နှစ်ပေါင်း ၅၀ ကျော်ကြာ နိုင်ငံရေး နှင့်    စီးပွားရေးတို့တွင်  ဗဟိုဦးစီးစနစ်ကို    ကျင့်သုံးခဲ့သည့် မြန်မာနိုင်ငံ၏     သမိုင်းကြောင်း    အလှည့်အပြောင်းအဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် စတင်ပေါ်ပေါက်လာသည်။ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ် တစ်ခုကျော်ကြာ    ပါလီမန်ဒီမိုကရေစီစနစ်   ကျင့်သုံးခဲ့ဖူးသည့် အတွေ့အကြုံရှိခဲ့သည့်တိုင်အောင်   ရာစုနှစ်ထက်ဝက်ကျော်မျှ ကင်းကွာနေခဲ့ပြီဖြစ်ရာ ပြန်လည်မွေးဖွားလာသည့် သီးကင်းနုနု ဒီမိုကရေစီ အခြေတည်မြဲမြံခိုင်ခံ့အောင် ထိုစဉ်က အစိုးရနှင့် ပြည်သူတို့များစွာ အားထုတ်ကြိုးပမ်းခဲ့ကြသည်။

 

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်