စိုက်ပျိုးမွေးမြူ ကုန်ကြမ်းမှသည် တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရေးက အရေးကြီးသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံစီးပွားရေးနိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးမွေးမြူထုတ်ကုန် များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ရာ အဓိက စိုက်ပျိုးထုတ်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း တို့ကို ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကူညီပံ့ပိုးတွန်းအားပေးဖို့ လိုအပ်သည်။