မြန်မာ့အလင်းအယ်ဒီတာအာဘော်
သာတူညီမျှ ငဲ့ညှာကြရန်လို
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူများ ထပ်ဆောင်းကာကွယ်ဆေး (Booster Doses) ထိုးနှံခြင်းနှင့်စပ်လျဉ်း ၍ ဝေဖန်ငြင်းခုံမှုများရှိရာ အထူးသဖြင့် ကာကွယ်ဆေးတစ်ကြိမ် မျှ မထိုးနှံရသေးသူများ မြောက်မြားစွာရှိနေသေးသည့်အခြေအနေ တွင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကြောင့် ဆေးဖြန့်ဝေမှု သာတူညီမျှမရှိခြင်းအပေါ်တွင် စောဒက တက်ကြခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရန် အမှန်တကယ်လိုအပ်ကြောင်း ပြသနိုင်လောက်သည့် သိပ္ပံနည်းကျ အထောက်အထားများမရှိဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် များက ပြောကြားထားသည်။
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပြည်သူကို စည်းရုံးဆောင်ရွက်
ရန်ကုန်တွင် နိုင်ငံ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာနှင့် ဆက်သွယ်သွားလာနိုင်သည့် လေကြောင်း တံခါးပေါက်၊ နိုင်ငံ၏ အဓိကပင်လယ်ဆိပ်ကမ်းမြို့၊ နိုင်ငံတွင် စက်မှုဇုန်များ အများဆုံးတည်ရှိနေသည့်မြို့ စသည်ဖြင့် အချက်အချာကျသော စီးပွားရေးမြို့တော်ကြီးလည်းဖြစ်ရာ ရန်ကုန် မြို့တော်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တို့မှာ လွန်စွာအရေးကြီးသည်။
စနစ်တကျ စွန့်ပစ်ကြပါမှ မြို့ပြသန့်ရှင်းလှပနိုင်မည်
လာမည့်နှစ်ပေါင်း ၃၀ ကာလတွင် ကမ္ဘာပေါ်ရှိ မြို့ကြီးများ၌ နေထိုင်သူ လူဦးရေသည် လက်ရှိလူဦးရေ၏ နှစ်ဆဖြစ်လာဖွယ် ရှိသည်ဟုဆိုသည်။ မိမိတို့နိုင်ငံတွင်လည်း မြို့ပြများသို့ ပြောင်းရွှေ့ အခြေချမှုများပြားလျက်ရှိရာ စီးပွားရေးမြို့တော် ရန်ကုန်၏ လူဦးရေမှာလည်း လျင်လျင်မြန်မြန် တိုးလာခဲ့သည်။ လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၇ ဒသမ ၈ သန်းကျော် နေထိုင်လျက်ရှိရာအများစုမှာ ရန်ကုန် မြို့တော်ကြီးနှင့် ဆင်ခြေဖုံးမြို့နယ်များတွင် နေထိုင်နေကြခြင်း ဖြစ်သည်။
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင် ပညာသင်နိုင်ဖို့
ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များ ကမ္ဘာအနှံ့ နိုင်ငံအသီးသီး တို့တွင် အရှိန်အဟုန်ဖြင့် ဆက်လက်ပြန့်ပွားလျက်ရှိစဉ် မိမိတို့နိုင်ငံ ၌ သိသိသာသာလျော့နည်းကျဆင်းလာခဲ့သည်မှာ ဝမ်းမြောက်ဖွယ်ရာ ပင်ဖြစ်သည်။ သို့ရာတွင် စိတ်ချရလောက်သည့် အခြေအနေသို့ မရောက်ရှိသေးဘဲ နေ့စဉ်ရောဂါပိုးကူးစက်မှု တွေ့ရှိရသည့်နှုန်းမှာ ၇ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်းတို့၏ ဝန်းကျင်တွင် တရစ်ဝဲဝဲဖြစ်နေ သည်။ ရောဂါပိုးကူးစက်မှု ၅ ရာခိုင်နှုန်းအောက်သို့ ဆက်လက် ကျဆင်းလျော့နည်းသွားရန် လူတိုင်းအသိကိုယ်စီဖြင့် ကြိုးပမ်းကြရ ဦးမည်ဖြစ်သည်။
နိုင်ငံသားအခွင့်အရေးအတွက် ကိုယ်စီတာဝန်ကျေပွန်ဖို့လို
မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်တစ်ခု ကိုင်ဆောင်ထားကြရမည်။ ဤသည်မှာ မြန်မာနိုင်ငံတွင် နေထိုင်သော နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သက်သေခံအထောက် အထားတစ်ခုဖြစ်သကဲ့သို့ နိုင်ငံသားအရည်အချင်းနှင့် ပြည့်စုံသော နိုင်ငံသားတစ်ဦးအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။ ဒီမို ကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံတစ်ခု၏ နိုင်ငံသားတစ်ဦး အနေဖြင့် ခိုင်မာသောအထောက်အထားတစ်ခုကို ကိုင်ဆောင်ထား ခြင်းက စည်းကမ်းနှင့်အညီ နေထိုင်ခြင်းလည်းဖြစ်သည်။
တပ်မတော် (ရေ) ၏ ညီနောင်အင်အား
မြန်မာ့ပင်လယ်ပြင်ပိုင်နက်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ရေပေါ် ရေအောက်သယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ မြောက်ဘက်ဆုံး နတ်မြစ်ဝမှ တောင်ဘက်ဆုံး ဘုရင့်နောင် အငူထိပ်အထိ ပင်လယ်ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၁၂၀၀ ခန့်ကို ပိုင်ဆိုင်ထားပြီး ရေပြင်ဧရိယာ ၁၄၄၉၁၂ စတုရန်းမိုင်ခန့် ပိုင်ဆိုင် ထားသည့် မြန်မာနိုင်ငံအဖို့ ကမ်းခြေစောင့်တပ်ဖွဲ့ အင်အားတစ်ရပ်မှာ ရှိသင့်ရှိထိုက်သည့်၊ ရှိနေရမည့် လိုအပ်ချက်ပင်ဖြစ်သည်။