ညီညွတ်သောအားမာန်များဖြင့် ကြိုးပမ်းဆောင်ရွက်
ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်း တို့သည် ဘဝရှင်သန်ရပ်တည်နေထိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို မိမိတို့ အစိုးရနှင့်အတူ မိမိတို့ကိုယ်တိုင် ကြိုးပမ်းအားထုတ်နေကြသည်။ နိုင်ငံတော်နှင့် လူမှုအသိုက်အဝန်းများ တိုးတက်ဖွံ့ဖြိုးကောင်းမွန်လာရေးတွင် ပြင်ပမှ အကူအညီ အထောက်အပံ့များရှိခဲ့သော်လည်း နိုင်ငံတိုးတက်ရေးကို မိမိတို့ကိုယ်တိုင် ဥစ္စာရင်လို ဥစ္စာရင်ခဲ ကြိုးစားအားထုတ်ခဲ့ရသည်။