ကြေးမုံ စာတည်းရှုထောင့်

တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေး ဦးစားပေး

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော        တိုင်းရင်းသားပြည်သူများသည် မရှိအတူ ရှိအတူ အေးချမ်းသာယာစွာဖြင့် နေလိုကြသည်။ အေးချမ်းစွာနေလို သော်လည်း အကြောင်းအမျိုးမျိုးဖြင့်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးလှိုင်းဂယက်ရိုက်ခတ် မှုနောက်ဆက်တွဲပြဿနာများကြုံကြရသည်။ ပြည်သူများမှာ စိုးရိမ်သောကများဖြင့် ကောင်းစွာမနေခဲ့ရသောကာလများ သမိုင်းမှတ်တမ်းများရှိသည်။

ပြည်သူများ၏ဆန္ဒ မမှိတ်မသုန်အကောင်အထည်ဖော်

“ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ အချင်းချင်းသဘောကွဲလွဲမှုများ ရှိနိုင်သော်လည်း အများစု၏ဆန္ဒသဘောထားကိုလည်း ထည့်သွင်းစဉ်းစား၍ ဆင်ခြင်ဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေးလျှောက်လှမ်းမှုတွင် အဆင်ပြေချောမွေ့စေရန် အတွက်   မိမိတို့က   ဝိုင်းဝန်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း”    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် များအား ဒီဇင်ဘာ ၅ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နိုင်ငံဖွံ့ဖြိုးရေး စာပေယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်

မြန်မာနိုင်ငံ၏ရရှိလာသော လာဘ်အမျိုးမျိုးတွင် မြတ်စွာဘုရား၏ ဒေသနာတော် ဖြစ်သော ပိဋကတ်သုံးပုံကို ရရှိခြင်းသည် အလွန်ထူးကဲသောလာဘ်ဖြစ်ပါသည်။ ပုဂံခေတ်အစောပိုင်းကပင် ပိဋကတ်သုံးပုံအစုံအလင်ရောက်ရှိနေကြောင်း ခိုင်မာ သောအထောက်အထားများရှိသည်။ မြန်မာများ(တိုင်းရင်းသားလူမျိုးပေါင်းစုံ)တို့ ပိဋကတ်သုံးပုံကို အခြေခံသည့် ၅၅၀ ဇာတ်တော်ယဉ်ကျေးမှုရရှိခြင်းသည် ပထမ ကံကောင်းခြင်းဖြစ်သည်။

အန္တရာယ်များဖယ်ရှား အေးချမ်းသာယာရေးကိုဦးတည်

မိုးသက်မုန်တိုင်းများစဲသောအခါ  လေပြည်လေညင်းလေးများကို ထိတွေ့ခံစား ရသလို   တိမ်သလ္လာဖုံးအုပ်နေသည့်   မှောင်မိုက်သော  အမှောင်ထုအောက်မှ တိမ်သလ္လာကင်းစင်သည့် လမင်းကြီး၏ အေးမြသည့်အာဝါသကို  ခံစားရသလို နိုင်ငံတော်အတွင်း၌ ခက်ခဲကြမ်းတမ်းသောခရီးလမ်းများကို ဖြတ်သန်းကျော်ဖြတ် ခဲ့ပြီးနောက် ဖြောင့်ဖြူးသာယာသောလမ်းပေါ်တွင် လျှောက်လှမ်းနေကြပြီ ဖြစ်သည်။

တိုင်းပြည်တိုးတက်ရေးကြိုးပမ်းဆောင်ရွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ (၉)  လပြည့်  နိုင်ငံတော်တာဝန်   ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊      နိုင်ငံတော်ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်းတွင်    “ကျွန်တော်တို့ရဲ့ရည်မှန်းချက်က    တစ်အနေနဲ့ တစ်နိုင်ငံလုံးသာယာဝပြောမှုရှိရမယ်။  နှစ်အနေနဲ့ကတော့    စားရေ ရိက္ခာပေါများရမယ်ဆိုပြီး   ရည်ရွယ်ပြီးဆောင်ရွက်နေတာရှိပါတယ်။  ဒါကြောင့် ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်တွေကို ဒီထက်ပိုပြီးတော့ထွက်အောင်လို့ နိုင်ငံတော်အစိုးရအနေနဲ့  နည်းလမ်းပေါင်းစုံကနေ   ကူညီဆောင်ရွက်ပေ

ပြည်တွင်း၊ ပြည်ပအဖျက်သမား တွန်းလှန်ဖယ်ရှား

နယ်ချဲ့ဖက်ဆစ်များ၏ ကျူးကျော်စစ်ပွဲများကြောင့် ကမ္ဘာစစ်ကြီးဖြစ်ပွားပြီး နိုင်ငံ များလွတ်လပ်ရေးဆုံးရှုံးရခြင်း၊ ပြည်ပစွက်ဖက်ကျူးကျော်မှုကြောင့် တိုင်းပြည်ပြိုကွဲ ပျက်စီးရခြင်းအကြောင်းရင်းများတွင် နိုင်ငံတစ်နိုင်ငံသည် တိုင်းပြည်အတွင်း စည်းလုံး ညီညွတ်မှုမရှိခြင်းနှင့် အင်အားတောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်မရှိခြင်း တို့သည် အဓိကအကြောင်းအချက်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်း သည်  မိမိနိုင်ငံစည်းလုံးညီညွတ်ပြီး  အင်အားတောင့်တင်းခိုင်မာသော ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်ကြသည်။

ကိုဗစ်-၁၉ ရောဂါ မျိုးကွဲဗီဇသစ်ကို သတိပြုကာကွယ်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနှုန်းမှာ သုံးရာခိုင်နှုန်းအောက် ကျဆင်းလာပြီး ယခုအခါ နှစ်ရာခိုင်နှုန်းဝန်းကျင်သာရှိတော့သည်။ ထိုကဲ့သို့ ရောဂါ ကူးစက်ခြင်းမှ လျော့ကျသက်သာလာပြီး  ကောင်းမွန်သောအခြေအနေတစ်ခုသို့ ရောက်ရှိနေချိန်တွင် ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်တစ်မျိုး ထပ်မံ ပေါ်ပေါက်လာရာ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်ခြင်းမရှိအောင် ကာကွယ်ထား ရမည်ဖြစ်သည်။

စွက်ဖက်မှုကိုလက်မခံ ပြင်းထန်စွာကန့်ကွက်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံ အချို့က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

နိုင်ငံတော်အကျိုးရှေးရှုသည့်သတင်းမီဒီယာဦးတည်

“သတင်းမီဒီယာကောင်စီဖွဲ့စည်းရသည့်  ရည်ရွယ်ချက်သည်  သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကိုပါ အကာအကွယ်ပေးရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ သမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့  မှန်ကန်တိကျသည့်  သတင်းအချက် အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချု

ပြည်သူများသတိတရားဖြင့် ဘေးဘယာကင်းဝေး

ကမ္ဘာ့ပြည်သူများအား ခြိမ်းခြောက်ဖျက်ဆီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမှာ နှစ်နှစ်နီးပါး ကြာခဲ့ပြီဖြစ်သည်။ ကပ်ရောဂါဆိုးသည် နှစ်နှစ်တာကာလအတွင်း ကမ္ဘာ့ပြည်သူ ပြည်သား သန်းပေါင်းရာချီ ကူးစက်ခံခဲ့ရပြီး သန်းပေါင်းများစွာသော လူ့အသက်တို့ကို နုတ်ယူသွားခဲ့သည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်းပေါင်း ၅၀ ကျော်ရှိသည့်အနက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ငါးသိန်းကျော်ရှိခဲ့ပြီး ပြည်သူ ပြည်သား နှစ်သောင်းနီးပါး အသက်သေဆုံးခဲ့သည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်