ကြေးမုံ စာတည်းရှုထောင့်

အကြမ်းဖက်မှုကို အမြစ်ပါမကျန်ဝိုင်းဝန်းတိုက်ဖျက်

အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG တို့က တိုင်းပြည်အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်ဖြင့်   သွေးထိုးမြှောက်ပင့်ထောက်ပံ့ပေးမှုများကြောင့်   ပြည်တွင်းမှ အစွန်းရောက်များနှင့် အကြမ်းဖက်သမား PDF များက နိုင်ငံအတွင်း အချို့ဒေသများ ၌  ဆန့်ကျင်ဘက်ပါတီဝင်များ၊ အစိုးရကိုထောက်ခံသူ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်မှုသတင်းများကို စိတ်မချမ်းမြေ့ဖွယ်ကြားသိနေရသည်။ 

အေးချမ်းသာယာရေး ငြိမ်းချမ်းရေးဖော်ဆောင်

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ တို့ အေးအတူပူအမျှ စုပေါင်းနေထိုင်ကြသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ယဉ်ကျေးမှုအနုပညာများသည် နှစ်ပေါင်းရှည်ကြာ တည်တံ့ခဲ့သည်။ ထိုသို့တိုင်းရင်းသားပြည်သူများ စုစည်းညီညွတ်စွာ အတူတကွ နေထိုင်ခဲ့ကြရာမှ ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်သွားသောအချိန်တွင် သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ယွင်းခဲ့သည်။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို လိုက်နာ

ပြီးခဲ့သည့်လက ကျင်းပပြီးစီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အာဆီယံမူ၊ အာဆီယံပဋိညာဉ်ကို ကျော်လွန်ကာ တောင်းဆိုမှုတွေပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တောင်းဆိုမှုများသည် အစဉ်အလာကောင်းသော အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ အာဆီယံဗဟိုပြုမှု၊ အာဆီယံလမ်းကြောင်းကို ထိပါးနေပြီဟုပင် သံသယဖြစ်ဖွယ် စဉ်းစားဖွယ်ဖြစ်နေသည်။

ပညာရေးအခွင့်အလမ်းများ စတင်ပွင့်လန်း

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလာ ခဲ့ပြီဖြစ်သည်။ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း ၄ ဒသမ ၄၇ ရာခိုင်နှုန်းမှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ၃ ဒသမ ၈၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားရာ ရည်မှန်းထားသည့် ပိုးတွေ့ရာခိုင်နှုန်း သုံးရာခိုင်နှုန်းအောက်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သုံးရာခိုင်နှုန်းအောက်ရောက်ရှိလာလျှင် စိတ်ချရသော အနေအထားဖြစ်၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားသည်။

ရည်မှန်းချက်ရောက်ရှိရေး စည်းကမ်းများလိုက်နာ

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို    တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့ခဲ့ရာ  မြန်မာနိုင်ငံ တွင်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ကြုံတွေ့ခံစားခဲ့ရသည်။ မြန်မာနိုင်ငံတွင် ယမန်နှစ်က ပထမလှိုင်း၊ ဒုတိယလှိုင်းဖြစ်ပွားခဲ့ပြီး ယခုနှစ် မေလ ၂၇ ရက်နေ့မှ စတင်၍ တတိယလှိုင်းစတင်ခဲ့သည်။ တတိယလှိုင်းဖြစ်ပွားပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် အတည်ပြုပိုးတွေ့လူနာ အမြင့်ဆုံးဖြစ်ခဲ့သည်။ ထိုနေ့က ကူးစက် ပိုးတွေ့နှုန်း ၃၃ ဒသမ ၁၇ ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် ပိုးတွေ့နှုန်း ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ခဲ့သည်။

တူညီသည့်ဆန္ဒကိုအလေးထား နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်

ဒီမိုကရေစီစံနှုန်းများအရ မည်သည့်အခြေအနေ၊ မည်သည့်အဆင့်အတန်းတွင်မဆို လူအချင်းချင်း၊ အသိုက်အဝန်းအချင်းချင်း နှိမ့်ချဆက်ဆံခြင်းကို ခွင့်ပြုလေ့မရှိပေ။ မတူကွဲပြားသော ကမ္ဘာ့လူသားအချင်းချင်း၊ အသိုက်အဝန်းများအချင်းချင်း လေးစား အသိအမှတ်ပြုခြင်းတို့ကို လူ့အခွင့်အရေး    လေးစားတန်ဖိုးထားသောနိုင်ငံများနှင့် လူ့အဖွဲ့အစည်းများက အသိအမှတ်ပြု လက်ခံထားကြသည်။ လူအချင်းချင်း ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချဆက်ဆံခြင်းတို့ကို မည်သူမျှလက်ခံကြမည်မဟုတ်ပေ။

လူမှုဘဝမြင့်မားတိုးတက်ရေး ပညာရေးဦးစားပေး

“မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိသည်ကို တွေ့ရှိရ ကြောင်း၊ ပညာရေးကို   ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊   “အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ်ပညာရမည်” ဖြစ်ကြောင်း၊ လူငယ်များအား ကိုယ့်ခြေလှမ်းပေါ်တွင်     ရပ်တည်နိုင်ရေး    ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးအား မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း”  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ သာယာဝပြောမှုဖြည့်ဆည်း

“မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့် မူဝါဒများ ကို အခိုင်အမာယုံကြည်ပြီး  မိမိတို့လူသားများအားလုံးအတွက် ကျန်းမာချမ်းသာ ကြွယ်ဝ၍ တိုးတက်ရှင်သန်သော ကမ္ဘာကြီးတစ်ခုတည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏အပြုသဘောဆောင် ကြိုးပမ်းအားထုတ်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့်  ကတိကဝတ်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်” ဟု (၇၆) နှစ်မြောက်  ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့   ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှု

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံ၏ အောက်တို ဘာလ   ၁၆    ရက်နေ့  ထုတ်ပြန်ချက်အပေါ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထား တုံ့ပြန် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ကြေညာချက်သည် အာဆီယံပဋိညာဉ်နှင့်ဆန့်ကျင်လျက်ရှိသည်။

အေးချမ်းသာယာဝပြောသည့် ပြည်ထောင်စုနိုင်ငံ

ပြည်သူများ လိုလားတောင့်တကြသည်မှာ တည်ငြိမ်အေးချမ်းနေသည့် ပုံမှန်ဘဝ တွင် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြရေးဖြစ်သည်။ ယင်းအခြေအနေကို သီတင်း ကျွတ်လပြည့်နေ့က နိုင်ငံတစ်ဝန်းတွင် ပြည်သူများစိတ်ချမ်းမြေ့စွာနေထိုင်ခဲ့ကြ သည်ကို မြင်တွေ့ခဲ့ရပြီး ဤသို့ပုံမှန်ဘဝသို့ရောက်အောင် စည်းစည်းလုံးလုံးအေးချမ်း ပျော်ရွှင်စွာ ဆက်လက်နေထိုင်ကြရန်လိုအပ်သည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်