ကြေးမုံ စာတည်းရှုထောင့်

စီးပွားရေးအလားအလာကောင်းများနှင့် မြင့်မားလာနိုင်သည့် အနာဂတ်လူမှုစီးပွား

အယ်ဒီတာ့အာဘော်

==============

 

စီးပွားရေးအလားအလာကောင်းများနှင့် မြင့်မားလာနိုင်သည့် အနာဂတ်လူမှုစီးပွား

=========================================================

 

ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေးသာမက အသက် အန္တရာယ်ပါ ထိခိုက်ပျက်စီးမှုရှိစေသော မကြုံဖူးသည့် ရောဂါဆန်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိပြည်သူများသည် ကိုဗစ်ရောဂါကြောင့် ဘဝများ၊ အသက် များ ပေးဆပ်ခဲ့ရပြီး ဆက်လက်၍လည်း ရင်ဆိုင်ကျော်လွှားအန်တုနိုင်ရန် ကြိုးပမ်းနေသည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေး အတွက်သာမက လူမှုစီးပွားများပါ ထိခိုက်ပျက်စီးစေသည်ကို လက်တွေ့ ကြုံတွေ့နေကြရပါသည်။

ဒီမိုကရေစီရှင်သန်ရေးကို မျက်ခြည်မပြတ်

မြန်မာနိုင်ငံ၌  ၂၀၂၀  ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲကို  နိုဝင်ဘာလ  ၈  ရက်နေ့တွင်  ကျင်းပတော့မည်ဖြစ်သည်။     ရွေးကောက်ပွဲကျင်းပရန်    အချိန်တစ်လကျော်ကျော်သာ ကျန်တော့သဖြင့် ပါတီအသီးသီးနှင့် ကိုယ်စား လှယ်အသီးသီးတို့က မဲဆွယ်စည်းရုံးကြရာတွင်  ကိုဗစ်-၁၉  ရောဂါဖြစ်ပွား နေမှုကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက   အသိပေးထုတ်ပြန် ထားသော    လူစုလူဝေးခြင်း ဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ အချို့ဒေသများ၌ လှုပ်ရှားနေကြသည်ကို တွေ့ရသည်။

သက်ကြီးရွယ်အိုများအား ကာကွယ်စောင့်ရှောက်

အယ်ဒီတာ့အာဘော်

==============

 

သက်ကြီးရွယ်အိုများအား ကာကွယ်စောင့်ရှောက်

=====================================

 

အားတင်း၊ တောင့်ခံ၊ သည်းခံကျော်လွှား

အယ်ဒီတာ့အာဘော်

==============

 

အားတင်း၊ တောင့်ခံ၊ သည်းခံကျော်လွှား

==========================

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားနေဆဲအဆင့် ရှိနေသေးသည်။ ရောဂါဖြစ်ပွားမှုနှုန်းကို အမြန်ဆုံးလျှော့ချနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ထုတ်ပြန် ကြေညာခဲ့သော စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို အလေးထား လိုက်နာဖို့လိုအပ်ပါသည်။

 

စည်းကမ်းလိုက်နာရမည့် ရက်သတ္တနှစ်ပတ်

အယ်ဒီတာ့အာဘော်

===========

 

စည်းကမ်းလိုက်နာရမည့် ရက်သတ္တနှစ်ပတ်

 

==========================

 

ရန်ကုန်တိုင်းဒေသကြီးအတွက် ထုတ်ပြန်ကြေညာခဲ့သော နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ပြည်သူများလိုက်နာကြ၏။ ကား၊ လူသွားလာမှုများကျဲပါးသွား၏။ မဖြစ်မနေအပြင်ထွက်ရမည့်သူများ၊ ဝန်ထမ်းများကလည်း ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် သွားလာခြင်းတို့ကို လုပ်ဆောင်နေကြ၏။

 

ကူညီဖြည့်စွမ်း စေတနာ့ဝန်ထမ်း

အယ်ဒီတာ့အာဘော်

==============

 

ကူညီဖြည့်စွမ်း စေတနာ့ဝန်ထမ်း

=====================

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုက မိမိတို့နိုင်ငံတွင် များလာနေသည်။ ရောဂါ ကူးစက်မှုများက လျော့မသွားတိုး၍သာများနေသဖြင့် ရှေ့တန်း တိုက်စစ်မှူးများဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ သည်လည်း ပင်ပန်းနွမ်းလျလာကြ၏။ ပိုးတွေ့လူနာများပြားမှုကြောင့် ဆေးရုံနေရာ အခက်အခဲ၊ ကူညီစောင့်ရှောက်သူအင်အား အခက်အခဲများ ကြုံနေရသော်လည်း နည်းဗျူဟာအပြောင်းအလဲများ ပြုလုပ်ကာ မကြာမီ ကာလအတွင်း ထိန်းချုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ အချိန်တိုအတွင်းထိန်းချုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်

အယ်ဒီတာ့အာဘော်

==============

 

ကိုဗစ်-၁၉ ရောဂါ အချိန်တိုအတွင်းထိန်းချုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်

===============================================

 

 

အရေးကြီးဆုံးအချိန်ဖြစ်၍ အထူးလိုက်နာ

အယ်ဒီတာ့အာဘော်

==========

 

အရေးကြီးဆုံးအချိန်ဖြစ်၍ အထူးလိုက်နာ

 

=======================

 

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၄၀၃ ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၄၈၇၀ ဦးရှိသွားပြီဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူ ၄၈၇၀ ဦးအနက် သေဆုံးသူ ၈၁ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၁၁၈၈ ဦးနှင့် စောင့်ကြည့်လူနာအသစ် ၃၂၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

 

စည်းကမ်းလမ်းညွှန်ချက်များလိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီ

အယ်ဒီတာ့အာဘော်

==============

 

စည်းကမ်းလမ်းညွှန်ချက်များလိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီ

===========================================

 

စည်းကမ်းသည်လူ့တန်ဖိုး၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ စသည့်ဆိုရိုး စကားများ ရှိကြသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများရပ်တန့်စေရန် ပြည်သူများအနေဖြင့် သက်ဆိုင်ရာများက သတ်မှတ်ထားသော စည်းကမ်းလမ်းညွှန်ချက်များကို လေးစားလိုက်နာခြင်းသည်သာ အကောင်းဆုံး ကာကွယ်၊ ထိန်းချုပ်နည်းပင် ဖြစ်ပါသည်။

 

Subscribe to ကြေးမုံ စာတည်းရှုထောင့်