လူမှုရေး
သက်တမ်း ၁၅၄ နှစ်ရှိပြီဖြစ်သော မဟာမင်းလှကျော်ထင်ခေါင်းလောင်းတော်
မြန်မာနိုင်ငံတွင် ကမ္ဘာသိရှေးဟောင်းအမွေအနှစ်များစွာရှိပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ရှေးအတီတေကာလများကတည်းက ယဉ်ကျေး မှုထွန်းကားခဲ့သောကြောင့်ဖြစ်သည်။ ပြီးခဲ့သောနှစ်ရှစ်သန်းမှ ၁၂သန်းအတွင်း လူသားမျိုးနွယ်များ မြန်မာနိုင်ငံတွင်ရှိခဲ့သည်ဟူသော သဲလွန်စများကို ပြင်သစ် ရှေးဟောင်းသုတေသနပညာရှင်များနှင့် မြန်မာပညာရှင်တို့ ပူးတွဲဖော်ထုတ်ထားပြီးဖြစ်ပါသည်။ ထိုကဲ့သို့ လူသားမျိုးနွယ်သာမက မြို့ပြအမွေအနှစ်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအမွေအနှစ်များသည် အကြောင်းကြောင်းကြောင့် အချို့သောဂုဏ်ယူဖွယ်ရာ ရှေးဟောင်းအမွေအနှစ်အချို့ တိမ်မြုပ်ခဲ့ရသည်များလည်း ရှိနိုင်ပါသည်။
တိုင်းရန်ကုန်၏ မြို့ပြနှင့်ကျေးလက် တစ်ပြေးညီတိုးတက်ဖွံ့ဖြိုးလာစေမည့် ကျေးလက်လမ်း၊ တံတားများ
ရန်ကုန်ခင်၊ ဓာတ်ပုံ- ကျေးလက်မောင်
ရန်ကုန်တိုင်းဒေသကြီးသည် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ထွန်းကားရာ ကုန်စည်ကူးသန်းရောင်း၀ယ်ရေး အချက်အချာကျသည့် တိုင်းဒေသကြီးဖြစ်ပြီး အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းစသဖြင့် ခရိုင်လေးခုဖြင့် ဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး၌ လူဦးရေ၏ ၆၅ ရာခိုင်နှုန်းသည် မြို့ပြတွင်နေထိုင်ကြပြီး ၃၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများ ဖြစ်ကြသည်။
ခံဝံ့ မခံဝံ့
ရဲဇာနည်
မြန်မာနိုင်ငံ၏လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို ယခင်ကဖတ်ခဲ့ဖူးသော စာအုပ်များပါ အကြောင်းအရာတို့နှင့် ချိန်ထိုးကြည့်ဖြစ်၏။ တစ်နည်းဆိုရ သော် ပစ္စုပ္ပန်ကိုအတိတ်သို့ သယ်ဆောင်၍ တိုက်ဆိုင်ကြည့်မိခြင်းဖြစ်၏။ ဤသို့ကြည့်မိတိုင်းလည်း ယနေ့ အဖြစ်အပျက်များသည် ရှေ့သို့လားရာကို မမြင်ရဘဲ စာအုပ်ပါ အကြောင်းအရာများကဲ့သို့ပင် တစ်ပတ်ပြန်လည်နေသည်ကို တွေ့ရ၏။ ရှေ့မရောက်ဘဲ နောက်ပြန်ရောက်နေခြင်းသာ ဖြစ်၏။ မြန်မာနိုင်ငံတော်ကြီးကို အဘက်ဘက်က တိုးတက်စေချင်လှပါသည်ဆိုသော နိုင်ငံသားတစ်ဦးအနေဖြင့် ဤအဖြစ်မျိုးများကို မြင်ရကြားရတိုင်း မချင့်မရဲဖြစ်ရရှာပေလိမ့်မည်။
- Read more about ခံဝံ့ မခံဝံ့
- Log in to post comments
လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်ကြပါစို့
ကိုကျော်စွာ(ကျိုက်ပိ)
- Read more about လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်ကြပါစို့
- Log in to post comments