ကုသိုလ်တရားကို မမေ့လျော့ခြင်းသည် မင်္ဂလာမည်၏။
ကျော်ကျော်လှိုင်
- Read more about ကုသိုလ်တရားကို မမေ့လျော့ခြင်းသည် မင်္ဂလာမည်၏။
- Log in to post comments
ကျော်ကျော်လှိုင်
ကိုမြန်မာ
ယခုအခါ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရခန့်အပ်သည့်ရာထူး မဟုတ်သော ကိုယ်စားလှယ်တစ်ဦးကိုသာ အာဆီယံအမြဲတမ်းကော်မတီဥက္ကဋ္ဌက ဖိတ်ကြားမည်ဆိုသည့်သတင်းအပေါ်တွင် စိတ်ဝင်စားမှု များ မြင့်တက်လျက်ရှိကြရာ ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှအမြင်ကို ပြည်သူများ သိရှိနိုင်ရန် သုံးသပ်တင်ပြလိုပါသည်။
မောင်ခိုင်မာ(အထက်မင်းလှ)
ခင်မောင်
(ဟိုတယ်/ခရီး)
စုပေါင်းပြုရာ ပြည်မြန်မာဝယ်
ချမ်းမြေ့မောင်
========
၁၉၁၂ ခုနှစ်တွင် ဗြိတိသျှတို့သည် ယခုပူတာအို ဖြစ်သော ခန္တီးလုံဒေသကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဗြိတိသျှအရေးပိုင် ဆင်မြူရယ်က လုပ်ခွန်စော်ဘွားမြို့ဖြစ်သော ပူတာအိုမြို့ကို အခြေပြု၍ ပူတာအိုစီရင်စုအဖြစ် သတ်မှတ်ဖွဲ့စည်း ခဲ့သည်။ ၄-၁-၁၉၄၈ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ (၆)အရ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်တို့ကို ပေါင်းစပ်၍ ကချင်ပြည်နယ်အဖြစ် ၁၀-၁-၁၉၄၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို ကချင်ပြည်နယ် နေ့အဖြစ် သတ်မှတ်ခေါ်တွင်ခဲ့သည်။
ခန့်ဇော် (ကျေးလက်)
စိမ်းလန်းမြေ
ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ လျင်မြန်စွာ ကူးစက်ပြန့်ပွားလာသည်မှာ မျိုးရိုးဗီဇ အဆင့်ဆင့်ပြောင်းလဲလာမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် စံနမူနာပြုရသည့် အမေရိကန်နိုင်ငံတွင် သေဆုံးမှုအမြင့်ဆုံး ဖြစ်နေသည်ကို တွေ့မြင်ရပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများအနေဖြင့် မိမိတို့နိုင်ငံသားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း တွေ့၊ မြင်၊ ကြားသိရသည်။
ဘဝကို တိုက်ပွဲလို့ခံယူလိုက်တိုင်း တိုက်ပွဲတိုင်း အရှုံးနဲ့ပဲရင်ဆိုင်ရပါလိမ့်မယ်
(၇-၁၀-၂၀၂၁ ရက်နေ့မှ အဆက်)
ကျွန်တော်တို့ သန္နိဋ္ဌာန်ချလို့ရပါတယ်။ “ဘယ်သူကမှ ငါ့ကို စိတ်အနှောင့်အယှက်ပေးလို့မရဘူး”လို့ စိတ်ဆုံးဖြတ်လိုက်ပါ။ အငှားကားမောင်းတဲ့သူ၊ မီတာငွေဆောင်တဲ့ရုံးက ငွေလက်ခံသူ၊ စားသောက်ဆိုင်က စားပွဲထိုး ဘယ်သူကမှ ငါ့ရဲ့နေ့ကို ဖျက်ဆီးလို့ မရဘူးလို့ သန္နိဋ္ဌာန်ချလိုက်ပါ။ အငှားကားမောင်းတဲ့သူနဲ့ စကားများ ရတာကို ပြဇာတ်တစ်ပုဒ်အဖြစ် မဖန်တီးဘူးလို့ ဆုံးဖြတ်လိုက်ပါ။
မိမိရဲ့ အတွေးတွေကိုပြောင်းပါ။
ဘာကြောင့်လဲ
ထွန်းထွန်း(ခရေရိပ်)
============
“ကျွန်တော်တို့အိမ်က သေးငယ်နေပေမယ့် အိမ်ထဲမှာ စားပွဲတွေ၊ ကုလားထိုင်တွေ၊ ခုတင်တွေ ဘယ်လိုနေရာချထားမလဲဆိုတာ ကျွန်တော်တို့ရဲ့ အိမ်တွင်းရေးကိစ္စပါ။ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေရဲ့ ကိစ္စမဟုတ်ပါဘူး။ ခုတင်ကို ဟိုဘက်ရွှေ့၊ ကုလားထိုင်ကို ဒီမှာထားလို့ ဘယ်သူမှ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါက ကျွန်တော်တို့ရဲ့အိမ်ပါ။ သေးငယ်နေပေမယ့် ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလိုအတိုင်း စီမံလုပ်ကိုင်ခွင့်ရှိပါတယ်” လို့ စင်ကာပူနိုင်ငံဝန်ကြီးချုပ်(ဟောင်း) လီကွမ်ယု ပြောစကားကို အမှတ်ရမိပါတယ်။
စာချစ်သူ
====
လက်ဖက်ရည်ဆိုင်ထဲမှာ ချစ်သူစုံတွဲတစ်တွဲ နဖူးလေးကိုနမ်းလိုက်၊ ပါးလေးကိုတို့ထိလိုက်နှင့် ပတ်ဝန်းကျင်ကို သူတို့မေ့လျော့နေသည်။ တစ်ဝိုင်းတည်းထိုင်နေသည့် လူငယ်ကောင်လေးများကလည်း သူတို့စုံတွဲကို ဂရုမထား၊ ဂိမ်းကစားမပျက် ရှိလို့နေသည်။ အတိတ်မြင်ကွင်းပုံရိပ်တို့က တဖျပ်ဖျပ်ထင်ဟပ်လာသည်။ ဆရာမကြီး လူထုဒေါ်အမာက “ကျွန်မတို့ငယ်ငယ်တုန်းက” စာပဒေသာ ပေလွှာဖွဲ့နွဲ့ခဲ့သလို ကျွန်တော်တို့ ငယ်ငယ်တုန်းက ချစ်မှုရေးရာ နှလုံးသားကိစ္စများကို ပြန်ပြောင်းသတိရလာသည်။
Copyright © 2026. All rights reserved.
News and Periodical Enterprise