လူမှုရေး

ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် ချစ်ခင်ကြပါစို့

ကိုထွန်းခင် ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို စာရေးသူအနေနဲ့ ငယ်စဉ် ၁၉၈၈ ခုနှစ်လောက်မှာ ကျယ်ကျယ်လောင်လောင် စတင်ကြားသိခဲ့ရပါတယ်။ အဓိပ္ပာယ်နဲ့ လေးနက်မှုအတိမ်အနက်ကို ခွဲခြမ်းစိတ်ဖြာလောက်အောင် အသက်အရွယ်နဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်းက ငယ်နုလေတော့ စကားစုအဖြစ်နဲ့သာ ရင်းနှီးခဲ့ပါတယ်။ ကာလအတော်ကြာ မေ့ပျောက်နေခဲ့ရာက ၂၀၁၀ ပြည့်နှစ်ဝန်းကျင်လောက်မှာတော့ ထိုစကားလုံးက ပြန်လည်လူပြောများလာတာကို သတိပြုမိခဲ့ပါတယ်။ ဂရိစကားလုံးနှစ်လုံးကနေ ဆင်းသက်လာတဲ့ ဒီမိုကရေစီဆိုတာ ပြည်သူ(demos) နဲ့ အုပ်ချုပ်ရေး (kratos) ပြည်သူအုပ်ချုပ်ရေးလို့ အဓိပ္ပာယ်ရတယ်ဆိုတဲ့အကြောင်း၊ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူ အများ အာဏာပိုင်စိုးသောစနစ်ဖြစ်တယ်၊

ဂျန်-ဇက်တို့ကို သိစေလို

ညိုချော ရာသီစက်ဝိုင်းက တစ်ပတ်ပြီးတစ်ပတ် လည်ပတ် နေပါတယ်။ မွေးစကနေ သေဆုံးသည်အထိ အမြဲ ရပ်တန့်မနေတဲ့အရာက အချိန်တွေဖြစ်ပါတယ်။ အရွယ်အပိုင်းအခြားရဲ့ အဖိုးတန်ဆုံး၊ အလတ်ဆတ် ဆုံး ဆယ်ကျော်သက်ကလေးတွေ၊ အသက် ၂၀ ဝန်းကျင်လူငယ်လေးတွေ ဒီနှစ်နွေဦးမှာ အမည် သစ်တစ်ခု ရရှိလာခဲ့ကြပါတယ်။ ဂျန်နရေးရှင်း ဇက်တွေတဲ့၊ အတိုခေါ်ရရင် ဂျန်-ဇက်တွေ ဆိုပြီး တော့ ဖြစ်ပါတယ်။ သူတို့ဟာ သိပ်ကို ရိုးသားကြပါတယ်။ ပရိယာယ်များတဲ့ နိုင်ငံရေးဇာတ်ခုံအကြောင်း၊ အနိမ့်အမြင့်၊ အတက်အကျတွေ ပြည့်နှက်နေတဲ့ မြန်မာ့နိုင်ငံရေးအကြောင်း၊ သွေးချောင်းစီးခဲ့ရတဲ့ ပြည်တွင်းရန်ကို နှိမ်နင်းရေးကာလတွေအကြောင်း လက်တွေ့မကြုံခဲ့ဖူးကြပါဘူး။ သူတ

တကယ်တော့ အဲဒီလို လမ်းတွေပိတ်တဲ့လုပ်ရပ်ဟာ ဘာအကျိုးသက်ရောက်မှုမှ မရှိပေမယ့် လောလောဆယ် သွားလာဖို့ အခက်အခဲဖြစ်တာကတော့ ပြည်သူတွေပဲ

အင်တာဗျူး - မြင့်မိုရ် ယခုအခါ CDM (Civil Disobedience Movement) လှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူ အများ သွားလာနေသော လမ်းမများပေါ်တွင် ပိတ်ပင်တားဆီးမှုများ လုပ်ဆောင်နေခြင်း၊ ပြည်သူများအား အနှောင့် အယှက်ပေးနေခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များအား လိုက်လံ ရှင်းလင်းနေသည့် သက်ဆိုင်ရာ ဝန်ထမ်းများ၏ ရင်တွင်းစကားသံများကို ပြန်လည်မျှဝေရေးသား ဖော်ပြလိုက်ပါသည်။ CDM လှုပ်ရှားမှုကို အေးအေးချမ်းချမ်းလေး ပြီးသွားစေချင်တယ် “ အမှန်တကယ်တော့ ကျွန်တော်တို့လည်း အခုလို ပြည်သူတွေနဲ့ ထိပ်တိုက်မတိုးချင်ဘူး။ တကယ်တော့ ကျွန်တော်တို့က နိုင်ငံ့ဝန်ထမ်း တွေဆိုပေမယ့် ပြည်သူထဲက ပြည်သူတွေပါပဲ။ ကျွန်တော်တို့မှာလ

အမှန်တရားကို အစွဲမျက်မှန်ချွတ်၍ ရှာဖွေစေလိုပါသည်

ကိုရေချမ်း ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် သက်ဆိုင်သည့် အကြောင်းအရာတို့ကို ရှုထောင့်ပေါင်းစုံမှ ဘက်စုံ ထောင့်စုံ၊ အပြန်ပြန်အလှန်လှန် ရှုမြင်သုံးသပ် ဆင်ခြင်ပြီး အနီးစပ်ဆုံးဖြစ်နိုင်ခြေကို ဓမ္မဓိဋ္ဌာန် ကျကျ ကောက်ချက်ချ ယူရပါသည်။ ဤသို့ ကောက်ချက်ချသော်လည်း ဧကန်စင်စစ် အမှန်ပင်ဟု တထစ်ချဆွဲယူ၍ မရပါ။ အနီးစပ်ဆုံး ဖြစ်နိုင်ခြေဟုသာ ဆိုကြပါသည်။ ကောက်ချက် ဆွဲကြပါသည်။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုသော် လည်းကောင်း၊ အကြောင်းကိစ္စတစ်ခုကိုသော် လည်းကောင်း ချဉ်းကပ်ရာ၌ တချို့က အစွဲကင်း သည်။ တချို့က အစွဲကပ်ပါလာသည်။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ချဉ်းကပ်သည်ဖြစ်စေ၊ အကြောင်းအရာတစ်စုံတစ်ခုက

တိုက်ယူစရာမလိုတဲ့ ဖော်ဆောင်ပြီးသား ဒီမိုကရေစီ

ကနောင် နိုင်ငံသားတိုင်းမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ မဲမသမာမှုတွေ ရှိနေပါတယ်လို့ ပြည်သူက ပြောခဲ့ဖူးပါတယ်။ နိုင်ငံရေးပါတီအချို့က ထောက်ပြခဲ့ပါတယ်။ တပ်မတော်က သတိပေးခဲ့ပါတယ်။ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ ဒီမို ကရေစီအစိုးရက အာဏာရှင်ဆန်စွာနဲ့ လျစ်လျူရှုခဲ့ကြတာကို အားလုံးအသိပဲဖြစ်မှာပါ။ အကြိမ်ကြိမ်အသိပေးတာ၊ တောင်းဆိုတာ၊ ထောက်ပြဝေဖန်တာတွေကို တပ်မတော်ဘက်ကနေ ထပ်တလဲလဲပြုလုပ်ပြီး တောင်းဆိုခဲ့ပေမယ့် အချည်းနှီးဖြစ်ခဲ့ရတာကိုလည်း ပြည်သူအားလုံးတွေ့မြင်ကြရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ လွဲမှားနေတဲ့အရာတွေကို တည့်မတ်၊ တည်ငြိမ်အေးချမ်းရေး၊ တရာ
Subscribe to လူမှုရေး