လူမှုရေး

လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကျော်က ငြိမ်းချမ်းရေးဒေသနာတရားတော်

“ရွှေစာတော် ပြန်မေးလို့
မြတ်လေးတဲ့ စံပယ်။
မေထုန်ဆို ရာသီကူး
ပွင့်ဖူးဝတ်မှုန်နံ့ သင်းပျံ့တော့တယ်။
ကောင်းကင်လယ်
ထက်ဝယ်ဘုံက။
ဇေဋ္ဌခေါ် ရွှေကြယ်မင်းငယ်
လင်းတဲ့ချိန်ပ ။  ။
(ဖိုးသူတော်ဦးမင်း)

CDM ကို ထောက်ခံတဲ့သူက ထောက်ခံသလို ကျွန်တော်တို့လို ကန့်ကွက်တဲ့သူကလည်း ကန့်ကွက်ပါတယ်။ ဒါက နိုင်ငံရေးသဘောတရားပါ။ သူ့ရဲ့အမြင် ကိုယ့်ရဲ့ အမြင်ဆိုတာ လက်ခံရမယ်။ ဒါမှ နိုင်ငံရေးသမား ခေါ်တာပါ။ လမ်းပေါ်တက်တာက နိုင်ငံရေးသမား မဟုတ်ပါဘူး

ကောင်းကင်

လတ်တလော ဖြစ်ပွားနေသည့် Civil Disobedience Movement (CDM) လှုပ်ရှားမှုနှင့် အကြမ်းဖက်ဆန္ဒပြမှုများအပေါ် တာဝန်သိနိုင်ငံ့ဝန်ထမ်း ပြည်သူ တစ်ဦးဖြစ်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးဝင်းအား ၎င်း၏ အမြင်နှင့် ခံစားချက်များကို မေးမြန်းပြီး ဖော်ပြလိုက်ပါသည် -

(ယမန်နေ့မှ အဆက်)

အမျိုးသားရေးတာဝန်ကျေပွန်လျက်ရှိသော တပ်မတော်

တပ်မတော်နေ့ဂုဏ်ပြုဆောင်းပါး

 

မောင်သောင်းဝင်း(တမန်ဟောင်း)

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုက်နက်နယ်မြေများ လက်လွှတ်မဆုံးရှုံးရေး၊ ပြည်သူများ၏ ဘဝလုံခြုံရေး၊ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် ပြည်တွင်း၊ ပြည်ပအန္တရာယ်ရန်စွယ်မှန်သမျှကို တိုက်ထုတ် ချေမှုန်းနိုင်ရေးအတွက် ခေတ်မီအင်အားတောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်ရှိနေရန် လိုအပ်ပေသည်။ ထိုဦးတည်ချက်များနှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင်လည်း မျိုးချစ်တပ်မတော် ကို ဖွဲ့စည်းထားရှိပြီး ခေတ်အဆက်ဆက်တွင် အမျိုးသားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။

လူမှုရေးခြိမ်းခြောက်အနိုင်ကျင့်မှုနှင့် လားရာအကျိုးဆက်

မျိုးငြိမ်းငယ်

အခုရက်ပိုင်းတွေအတွင်း လူမှုကွန်ရက်တွေ ကြည့်ရတာ စိတ်မချမ်းသာလှပါဘူး။ မတွေ့လို၊ မကြားလို၊ မဖတ်လိုသော်လည်း တွေ့နေရ၊ ကြားနေရ၊ ဖတ်နေရပါတယ်။ ပြောသူ၊ အပြောခံရသူနဲ့ ကြားနေသူ ဘယ်သူမှ စိတ်ချမ်းသာမယ်မထင်ပါဘူး။ အဲဒီလို ဘယ်သူ့ကိုမှ အကျိုးမပြုဘဲ သက်ဆိုင်သူတွေကိုရော မသက်ဆိုင်သူတွေကိုပါ ခြိမ်းခြောက်နေတာကတော့ လူမှုရေးခြိမ်းခြောက်အနိုင်ကျင့်နေကြခြင်းပဲ ဖြစ်ပါတယ်။ လူမှုရေးခြိမ်းခြောက် အနိုင်ကျင့်ရာမှာ လူကိုယ်တိုင်ခြိမ်းခြောက် အနိုင်ကျင့်တာတွေအပြင် အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက်အနိုင်ကျင့်တဲ့ ဆိုက်ဘာအနိုင်ကျင့်မှုတွေ လုပ်လာကြပါတယ်။

ဆိုက်ဘာခြိမ်းခြောက်အနိုင်ကျင့်မှု

အမြန်ဆုံး အမှန်ပြင်နိုင်ဖို့ ပြည်သူအချင်းချင်း ထိန်းကြစို့

ကိုဇော် ဒီနှစ် နွေရာသီမှာ အပူချိန်မြင့်တက်နိုင်ကြောင်းကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ကရော နိုင်ငံပိုင်မီဒီယာတွေကပါ မတ်လဆန်း ကတည်းက ကြေညာထားတာကို မေ့မေ့ပျောက်ပျောက် ဖြစ်နေပေမယ့် ဒီရက်ပိုင်း နွေရဲ့ ပူပြင်းတဲ့ အပူချိန်က သိသိသာသာဖြစ်လာတာကြောင့် ချည်သား လက်ရှည်လေးရွေးဝတ်ရင်း စနေ လက်ဖက်ရည်ဝိုင်းဆီ ထွက်လာခဲ့တယ်။ စနေလက်ဖက်ရည်ဝိုင်းအတွက် ရွေးထားတဲ့ ဆိုင်လေးက ကျယ်ကျယ်ဝန်းဝန်းရှိသလို သစ်ပင် ရိပ်တွေကလည်း ကောင်းတာကြောင့် နေ့လယ်ခင်း ချိန်မှာတောင် ဆိုင်ရဲ့ စားပွဲဝိုင်းအတော်များများမှာ စားသုံးသူတွေရှိနေတာကို သတိပြုမိလိုက်တယ်။ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ လမ်းမှားလိုက်ပြီး
Subscribe to လူမှုရေး