လူမှုရေး
ကျွန်တော်နဲ့ စီးပွားရေးစကားဝိုင်းများ
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ကိုဗစ်ကာလအတွင်း နည်းပညာအကူအညီနဲ့ ကျွန်တော် အလုပ်တွေ အရင်ထက် ပိုလုပ်ဖြစ်ခဲ့တယ်။ အိမ်ထဲက အိမ်ပြင်မထွက်တာလည်း ကိုးလကျော်ခဲ့ပြီ။ အပြင်ထွက်တဲ့ ဘေးအန္တရာယ်ကလည်း မသေးလှတာတွေ့ရတယ်။ ကိုယ့်ကြောင့် တစ်ပါးသူတွေ ဒုက္ခမရောက်စေချင်ဘူး။ အစည်းအဝေးတွေ မပြတ်တက်ခွင့်ရခဲ့တယ်။ စာသင်ကြားမှုတွေလည်း ဆက်လုပ်ဖြစ်တယ်။ ဆွေးနွေးပွဲတွေလည်း စဉ်ဆက်မပြတ်လုပ်နိုင်ခဲ့တယ်။
- Read more about ကျွန်တော်နဲ့ စီးပွားရေးစကားဝိုင်းများ
- Log in to post comments
မြန်မာ့အသံရေဒီယို
မင်းချမ်းမွန်
ပန်းစံပယ်
နန်းလယ်မပေါ်ခိုက်တာမို့
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာစံပယ်လှိုင်တော့
ခံပန်းခိုင်ယာယီရွေ့ရတယ်
တောလေ့ရွာသုံး။
ကျွန်တော်ရေဒီယိုအကြောင်း ပြန်ပြောင်းစဉ်းစား မိတိုင်း ‘‘ခံပွင့်’’ ကဗျာလေးကို သတိရနေမိပါသည်။
- Read more about မြန်မာ့အသံရေဒီယို
- Log in to post comments
ပြည်သူ့အတွက် တရားမျှတမှု
သန့်ဇင်(ပြည်ထောင်စုရှေ့နေချုပ်ရုံး)
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်ကတည်းက အတွေးအခေါ်ပညာရှင် အရစ္စတိုတယ်က တရားဥပဒေစိုးမိုးရေး သို့မဟုတ် တရားဥပဒေဖြင့် အုပ်ချုပ်ခြင်းနဲ့ လူတစ်စု၊ လူတစ်ဖွဲ့က အုပ်ချုပ်ခြင်းတို့ကို ခွဲခြားသိမြင်ခဲ့ပါတယ်။ Rule of Law is better than any individual. “လူတစ်စု၊ လူတစ်ဖွဲ့က အုပ်ချုပ်ခြင်းထက် ဥပဒေဖြင့်အုပ်ချုပ်ခြင်းက သာလွန်ကောင်းမွန်တယ်” ဆိုပြီး သူ့ရဲ့အတွေးအခေါ်နဲ့ တရားဥပဒေစိုးမိုးရေးသဘောတရားကို အလင်းပြခဲ့ပါတယ်။
- Read more about ပြည်သူ့အတွက် တရားမျှတမှု
- Log in to post comments
ငယ်ချစ်သို့ ကျေးဇူးစကား
ကြူကြူသင်း
၁၉၅၈ ခုနှစ်က ဖြစ်သည်။
ရေဒီယိုလေးတစ်လုံး ဆုအဖြစ် ရသည်။
ကျွန်မ အလွန်လိုချင်နေသော ပစ္စည်းလေး ဖြစ်သဖြင့် ကျွန်မအင်မတန် ပျော်ရွှင်ခဲ့ရသည်။
‘‘သမီး ဆယ်တန်းအောင်ရင် ပါပါ ဝယ်ပေးမယ်’’
ပေးခဲ့သည့်ကတိအတိုင်း ကျွန်မဆယ်တန်းအောင်လို့ ပါပါ (အဖေ့ကို ကျွန်မတို့မောင်နှမတွေအခေါ်) က ရေဒီယို လေး ဝယ်ပေးခဲ့သည်။ ထိုစဉ်က အိမ်တိုင်းတွင် ရေဒီယိုမရှိ သေးပေ။
ရေဒီယိုလေးမှာ အလျားဆယ့်ခြောက်လက်မ၊ အ မြင့် ကိုးလက်မခန့် ရှိသည်။ အနက်ရောင်ကိုယ်ထည်ပေါ် တွင် ရွှေညိုရောင်အစင်းကလေးများပါသည်။ နေရှင်နယ် အမျိုးအစားဖြစ်သည်။
- Read more about ငယ်ချစ်သို့ ကျေးဇူးစကား
- Log in to post comments
အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်
သန္တာခင်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ပုံရိပ်တို့သည် ၇၅ နှစ်ဆိုသော ကာလ၏ ဝါးမျိုခြင်းဖြင့် ပျောက်ကွယ်လုမတတ် ကျန်ရစ်ခဲ့ပေပြီ။ စင်စစ် ခေတ်စနစ်အဆက်ဆက်တွင် ရှင်သန်၊ အချိုးအကွေ့ပေါင်းများစွာကိုကျော်ဖြတ်၊ အခြေအနေအချိန်အခါနှင့်အညီ ပြုပြင်တီထွင်၊ အားမာန်သွင်းရပ်တည်ရင်း၊ ပြည်သူကို အလုပ်အကျွေးပြုခဲ့သော ပုံရိပ်တို့သည် ဝေဝါး ပျောက်ကွယ်ကောင်းသည့်အရာများ မဟုတ်ကြပါ။
အသံလွှင့်ရုံဘ၀အစ
၇၅ နှစ်ကြာ သတင်းပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေခြင်း
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ်ဆောင်းပါး
ဒေါက်တာချစ်စံ (ချစ်စံဝင်း)
အပင်အာဟာရဓာတ်များ သိရှိဖို့ မြေနှင့်အပင်ကို ဓာတ်ခွဲကြည့်ကြစို့
ဒေါက်တာ နီနီတင့်
ကျွန်တော်နဲ့ ကလေးသူငယ်များ ဆင်းရဲနွမ်းပါးမှု
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ကျွန်တော့်အနေနဲ့ နိုင်ငံ့တာဝန်အမျိုးမျိုးယူခဲ့ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားခဲ့ရတယ်။ အခုလို တာဝန်များ ဆောင်ရွက်ရာမှာ ကျေနပ်မှုအရှိဆုံးအရာ တစ်ခုက ၁၉၉၂ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာဥပဒေကို သဘောတူပြီး လက်မှတ်ရေးထိုးခြင်းကိစ္စရပ် ဖြစ်ပါတယ်။
- Read more about ကျွန်တော်နဲ့ ကလေးသူငယ်များ ဆင်းရဲနွမ်းပါးမှု
- Log in to post comments