မြန်မာ့အလင်းအယ်ဒီတာအာဘော်

အရည်အသွေးကောင်း၊ အဆင့်မီ ဆားကုန်ကြမ်း၊ ကုန်ချောများ ထုတ်လုပ်နိုင်ရေး

 

မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရန် ဆားကိုလုံလောက်စွာ ထုတ်လုပ်ပေးနိုင်သည့်အပြင် ပိုလျှံအောင်လည်း ထုတ်လုပ်နိုင် သည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ဆားကြမ်းနှင့် ဆားချော များ ပြည်ပဈေးကွက်သို့  တင်ပို့နိုင်ရန်အတွက်မူ  လက်ရှိ ဆားထုတ်လုပ်နေသည့် ဆားတောင်သူများ၊ ဆားလုပ်ငန်းရှင် များတွင် ရင်းနှီးမြှုပ်နှံမှု၊ ခေတ်မီနည်းစနစ်များ၊ စက်ကိရိယာ များ စသည့်လိုအပ်ချက်များ ရှိနေသည်ဟုဆိုသည်။

ကျေးလက်နေမိသားစုများ ဝင်ငွေတိုး၍ လူမှုစီးပွားဖွံ့ဖြိုးရေး

 

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ၌ နေထိုင်သူများက နိုင်ငံ့ လူဦးရေ၏   သုံးပုံနှစ်ပုံခန့်ရှိသည်။   ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ  ရရှိရေး၊ မိသားစုဝင်ငွေတိုးပြီး လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်   စီမံကိန်း များ  ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး  နည်းပညာ သင်တန်းများ  ဖွင့်လှစ်သင်ကြားပေးခြင်းနှင့်   ထူးချွန်သည့်     သင်တန်းသား၊ သင်တန်းသူများကို လုပ်ငန်းများထူထောင် နိုင်ရန်      လုပ်ငန်းသုံးပစ္စည်းများကိုပါ      ပေးအပ်ခြင်းဖြင့်  ကျေးလက်ဒေသများတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ   ပေါ်ထွက်လာစေရန်   နိုင်ငံတော်က ဆောင်ရွက်ပေးလျက် ရှိသည်။

လူငယ်နှင့် အမျိုးသားနိုင်ငံရေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်တွင် ‘‘နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး’’ ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦး‌ရေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းခန့်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်သည်ဟု သိရသည်။

သာယာသည့် မြို့ပြတည်ဆောက်

 

မြန်မာနိုင်ငံ၏    စီးပွားရေးမြို့တော်ဖြစ်သော   ရန်ကုန်မြို့၏ ပတ်ဝန်းကျင်တွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း အရန်မြို့သစ်များ ပေါ်ပေါက်လာသည့်အနက် လှိုင်သာယာမြို့နယ်လည်း  အပါ အဝင် ဖြစ်သည်။ ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်း စသည့်မြို့နယ်များ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ် များနှင့်အတူ စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံ အလုပ်အကိုင် အခွင့် အလမ်းများစွာ ပေါ်ပေါက်လာခြင်းကြောင့် အနယ်နယ်အရပ်ရပ် မှ ပြောင်းရွှေ့ဝင်ရောက်လာကြရာ မြို့သစ်များတွင် တရားဝင် ရော၊ တရားမဝင်ပါ နေထိုင်ကြသူများ လူဦးရေတိုးတက်များပြား လာသည်။

မိတ်ကောင်းဆွေကောင်း အိမ်နီးချင်းကောင်းနှင့်အတူ

 

မြန်မာနှင့်ထိုင်း  နှစ်နိုင်ငံနှင့်  နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး၊   ချစ်ကြည်ရင်းနှီးမှုနှင့်  ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးတို့က နယ်နိမိတ်ချင်း ရှည်လျား စွာ ထိစပ်နေသည့် နှစ်နိုင်ငံလုံးအတွက် လွန်စွာအရေးပါသည်။  နှစ်နိုင်ငံနယ်စပ်များအကြား ငြိမ်းချမ်းမှု တည်တံ့ခိုင်မြဲသည်နှင့် အမျှ နှစ်ဖက်စလုံးရှိ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေ မည်ဖြစ်သည့်အပြင်  နှစ်နိုင်ငံစလုံးအတွက်  အကျိုးတူစီးပွား တိုးတက်ဖွံ့ဖြိုးစေမည့် အလားအလာကောင်းများစွာလည်း ရှိနေ သည်။

အယ်နီညိုရာသီဥတု သက်ရောက်မှုကာလ စိုက်ပျိုးရေအခက်အခဲ မကြုံကြရအောင်

 

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ တောမီးလောင်ခြင်း အစရှိသည့်   သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းက စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းကြ သည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို ထိခိုက်စေ သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်  စိုက်ပျိုးမြေဧက ၂၉ ဒသမ ၅၉ သန်းကို လက်ရှိကာလတွင်  အသားတင်စိုက်ပျိုးလျက်ရှိရာ ယင်းမြေပေါ်၌ပင် ရာသီအလိုက်  သီးထပ် သီးညှပ်စိုက်ဧကများကို ပါ ထည့်သွင်းတွက်ချက်ပါက    နှစ်စဉ်သီးနှံစိုက်ဧက   စုစုပေါင်း ၄၈ သန်းကျော်ရှိသည်။

အရည်အသွေးမြင့် ကော်ဖီကုန်ချောများ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်ရန်ကြိုးပမ်း

 

၂၀၂၃ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံက ကော်ဖီတန်ချိန် ၁ ဒသမ ၆၁ သန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၈ ဘီလီယံအထိ စံချိန်တင်ရှာဖွေနိုင်ခဲ့သည်ဆိုသည့် သတင်းမှာ စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံအဖို့ စိတ်ဝင်စား အားကျဖွယ်ရာပင်ဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် ရေနံသည် အရေးပါဆုံးကုန်စည်ဖြစ်ပြီး ဒုတိယအရေးပါဆုံးမှာ ကော်ဖီဖြစ်ရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ ဈေးကွက်တွင် နေရာတစ်နေရာ ရရှိလာနိုင်ရန် ကြိုးပမ်းကြဖို့ လိုမည်ဖြစ်သည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်