မြန်မာ့အလင်းအယ်ဒီတာအာဘော်
သူရဲကောင်းစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရသည့် စေတနာ့ဝန်ထမ်းလုပ်ငန်းများ
မီးဘေးကာကွယ်ရေးအတွက် တပ်ဖွဲ့အသွင် ဖွဲ့စည်း ဆောင်ရွက်မှုသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကပင် ရှိခဲ့သည်ဟုဆိုသည်။ မီးလောင်ကျွမ်းသည့်အခါ နိုင်ငံ၏ အရင်း အမြစ်များ ဆုံးရှုံးရသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက် ငွေအား၊ လူအား၊ ပစ္စည်းအားတို့ စိုက်ထုတ်သုံးစွဲရသည့်အတွက် မီးဘေးကာကွယ်ရေးကို ရှေးမြန်မာမင်းအဆက်ဆက်တို့ အလေးအနက်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ဖွယ်ရှိသည်။ ကိုလိုနီ နိုင်ငံဘဝသို့ ကျရောက်ခဲ့ရချိန်တွင်မူ မီးဘေးကာကွယ်ရေးကို စီးပွားရေးအချက်အချာ မြို့များမှလွဲလျှင် မြန်မာလူငယ် အပျော်တမ်း မီးသတ်အဖွဲ့အစည်းများက ဒေသအလိုက် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် သတင်းပေးပို့၊ တိုင်ကြားခြင်းဖြင့် ပါဝင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ သတင်း ပေးပို့တိုင်ကြားနိုင်ရေးအတွက် လိပ်မူတိုင်ကြားရန် လိပ်စာ များကို မီဒီယာများမှတစ်ဆင့် ပြည်သူကို အသိပေးထား သည်။ တစ်ဦးတစ်ယောက်အဂတိလိုက်စားခြင်း၊ အဂတိ လိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းတို့ကို သက်သေခံ အထောက်အထားများဖြင့် သတ်မှတ်ချက်များနှင့်အညီ တိုင်ကြားကြရန်လည်း လိုအပ်သည်။
နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး သယ်ပိုးနိုင်မည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ
အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး မူဝါဒကို မိတ်ဆက်ဖြန့်ဝေလိုက်ပြီဖြစ်ရာ နိုင်ငံအတွက် အရေးပါ သည့် လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းလိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါမူဝါဒကို ချမှတ်လိုက်ခြင်းအားဖြင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများ နှင့်ကိုက်ညီသော ခေတ်မီဥပဒေနှင့် နည်းဥပဒေများကိုလည်း မူဝါဒနှင့်အညီ ချမှတ်လာနိုင်မည်ဖြစ်သည်။