မြန်မာ့အလင်းအယ်ဒီတာအာဘော်
ငါး ပုစွန် သယံဇာတ ထာဝရတည်တံ့စေရန်
ရေချို ရေငန် ငါး ပုစွန်များ မျိုးမတုံးစေရေးအတွက် ၎င်းတို့၏ မိတ်လိုက်ချိန်နှင့် မျိုးပွားရာသီချိန်ကာလများတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း မြစ်ချောင်း အင်းအိုင်များ၌ ရေချိုငါးလုပ်ငန်းများနှင့် ပင်လယ်ပြင်ကမ်းနီး ကမ်းဝေး ရေငန်ငါးလုပ်ငန်းများရှိရာ ငါး ပုစွန်များ ရေရှည် ထုတ်လုပ်စားသုံးနိုင်ရေးအတွက် အလွန်အကျွံဖမ်းဆီးမှုများ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်။
နွေနေ့လယ်ခင်းအန္တရာယ် နှစ်ရပ်
နွေလယ်ကာလဖြစ်သည့်အတွက် အချို့ဒေသများတွင် နေ့အပူချိန် များ မြင့်မားလျက်ရှိရာ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး စသည့်ရောဂါအခံရှိသူများ အပူဒဏ်ကြောင့် အန္တရာယ်မကျရောက်စေရန် ဂရုပြုကြရမည်ဖြစ်သည်။ ရာသီဥတု ပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်ရေဓာတ်နှင့် ဓာတ်ဆားတို့ ဆုံးရှုံးမှုများပြားပြီး ပင်ပန်းနွမ်းနယ်မှုနှင့် မူးမော် ခြင်း၊ ပိုမိုပြင်းထန်လာသည့်အခါ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) တို့အထိ ခံစားရနိုင်သည့်အတွက် ဥတုသပ္ပါယ မျှတအောင် နေထိုင်ကြရန်လိုသည်။
ပြည်ထောင်စုသားအားလုံးတို့၏ဆန္ဒ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး ဖော်ဆောင်
တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင် ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပြီဖြစ်ရာ ငြိမ်းချမ်းရေးဆန္ဒအမှန်ဖြင့် ရိုးသားပွင့်လင်းစွာ ဆွေးနွေးမှုများ မှသည် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအထိ မျှော်မှန်းနိုင်ကြပြီ ဖြစ်သည်။
ကျောင်းပိတ်ရက်မှာ အကျိုးရှိစွာ
မြန်မာနိုင်ငံတွင် လူငယ်ဦးရေ အချိုးအစားမြင့်မားသည့်အတွက် “လူဦးရေဆုလာဘ်”ကို ရရှိနေသည်ဟုပင် ဆိုသည်။ လူငယ်ဟု ဆိုရာတွင် အသက်အားဖြင့် ၁၆ နှစ်မှ ၃၅ နှစ်အရွယ်။ ငယ်ရွယ် သူများဖြစ်သောကြောင့် ရုပ်အဆင်းအားဖြင့် နုပျိုသည်။ ခွန်အား ကောင်းသည်။ စိတ်အားတက်ကြွသူများဖြစ်သလို စိတ်ကစား သည့် အရွယ်။ အတုမြင်အတတ်သင်သည့် အရွယ်လည်း ဖြစ်သည်။ စင်စစ်လူငယ်ဘဝသည် ၎င်း၏ ဘဝတစ်သက်တာလုံး အတွက် အရေးကြီးသည့်အချိန်အခါ အပိုင်းအခြားတစ်ခုဖြစ်သည်။ လူငယ်ဘဝ၏ ကောင်းမှု ဆိုးမှုတို့က ဘဝတစ်ခုလုံးအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်သည်ဟူ၍လည်း ယေဘုယျအားဖြင့် ဆိုနိုင်သည်။
လူတိုင်းဖြည့်ကျင့်ကြရမည့်အရာ
နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းပတ္ထနာသံတို့ စည်ဝေကာ ကြားနာရသူအပေါင်းတို့ နှလုံးစိတ်ဝမ်း ချမ်းမြေ့ကြည်နူးကြရသည်။ မင်္ဂလာဟူသည် တိုးတက်ကြီးပွားကြောင်းတရားဖြစ်ပြီး ကောင်းမြတ်ခြင်း၊ တင့်တယ်ခြင်း၊ ကျက်သရေနှင့်ပြည့်စုံခြင်းလည်းဖြစ်ရာ လူတိုင်း က အလိုရှိအပ်၊ တောင့်တအပ်သော တရားလည်းဖြစ်သည်။
လူသား တို့ ကိုးကွယ်ကြသည့် ဘာသာတရားတို့က ကိုးကွယ်သည့် လူသား တို့ကို ကိုယ်ကျင့်တရားကောင်းမွန်ရန်၊ ယဉ်ကျေးသိမ်မွေ့ရန်၊ စိတ်နှလုံးဖြူစင်ရန် သင်ကြားညွှန်ပြ ဆုံးမပဲ့ပြင်ပေးခြင်းအားဖြင့် လူတိုင်းအပေါ် မင်္ဂလာအပေါင်း ခညောင်းပြည့်စုံစေသည်။