မြန်မာ့အလင်းအယ်ဒီတာအာဘော်

တရားဦး ဓမ္မစကြာ သံသရာမှ လွတ်မြောက်ရာလမ်း

 

ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး နောက်  ဓမ္မစကြာဒေသနာတော်ကို  ပဉ္စဝဂ္ဂီငါးဦးတို့အား  ဝါဆို လပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူခဲ့သည်။ မြန်မာ တို့က မိဂဒါဝုန်ဟု   ခေါ်ကြသည့်  မိဂဒါယသည်  သားသမင်တို့အား ဘေးမဲ့ပေးရာ  အရပ်ဖြစ်ပြီး  ဣသိပတနဟု၍လည်း   ခေါ်ကြသည့် နေရာဖြစ်သည်။

ကိုယ်စိတ်နှစ်ဖြာ ကြံ့ခိုင်ပါမှ

ကိုဗစ်-၁၉  ရောဂါကို  အကြောင်းပြု၍  ဈေးနှုန်းမြင့်တက်ခြင်း၊ ကုန်ပစ္စည်းပြတ်လပ်ခြင်းတို့ ဖြစ်ပေါ်သည့်ထဲတွင် ကြက်ဥလည်း  ပါဝင်သည်။ ရောဂါကာကွယ်ရေးအတွက် ကိုယ်ခံစွမ်းအားကောင်းရန် လိုအပ်သည်ဖြစ်ရာ ကြက်ဥတစ်မယ်မျှဖြင့် ကိုယ်ခံအားကောင်းမွန် ရေးကို ပြည့်စုံစေသည်မဟုတ်ကြောင်း ပညာပေးမှုများ ပြုလုပ်လျက် ရှိသည်ကိုလည်း သတိမူကြရန်လိုသည်။

လွတ်လပ်ရေး၏အရသာ

မြန်မာနိုင်ငံလွတ်လပ်ရေးရရန် ခြောက်လခန့်သာ လိုတော့သည့် အချိန်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက    လွတ်လပ်ရေးရပြီး နောက် ဖြစ်ပေါ်လာမည့်  ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေး လမ်းညွှန်ပြဋ္ဌာန်းချက်များကို အဆိုတင်သွင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ဇူလိုင် ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေးကြီး ၌ လွတ်လပ်ရေးကို  တစ်နှစ်အတွင်းရရှိရန်   အာမခံကြောင်းနှင့် လွတ်လပ်ရေးရပြီးနောက် လွတ်လပ်ရေးနှင့်ထိုက်တန်အောင် အလုပ် ကြိုးစားလုပ်ကြစေလိုကြောင်း ပြောကြားခဲ့ရာ  ၎င်းမိန့်ခွန်းသည် ဗိုလ်ချုပ်အောင်ဆန

ကိုဗစ်-၁၉ ကို ထိန်းချုပ်တားဆီးနိုင်ရေး ရုံးပိတ်ရက်ရှည်ကို ကောင်းစွာဖြတ်သန်း

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက်  အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်ကို အများပြည်သူ အလုပ် ပိတ်ရက်များအဖြစ် သတ်မှတ်လိုက်ရာ ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်အထိ တစ်ဆက်တစ်စပ်တည်း အလုပ်ပိတ်ရက် ကိုးရက် ရရှိသွားသည်။ ထိုကိုးရက်သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်ရာ ထိုရက်များအတွင်း အတတ်နိုင် ဆုံး အိမ်မှာနေကြရန် လွန်စွာအရေးကြီးသည်။

သမိုင်းထဲက သင်ခန်းစာ

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံ၏သမိုင်းတွင် သွေးစွန်းခဲ့သည့်နေ့ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးတို့ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးကြိုးပမ်းမှုများကို အကြမ်းဖက်လူသတ်ဝါဒက ယုတ်မာရက်စက်စွာ     အစွမ်းကုန်    ဖျက်ဆီးခဲ့သောနေ့လည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ရချိန်တွင် ၎င်းတို့၏ အသက်အရွယ်များကို ကြည့်ပါက ငယ်ရွယ်သူများဖြစ်ပြီး နိုင်ငံအတွက် ကာလကြာရှည် စွာ   တာဝန်ထမ်းရွက်နိုင်သေးသည့်    လူငယ်လူရွယ်များသာ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

လူသတ်ဝါဒ ဇာတိရုပ်ပေါ်လာ

ကိုဗစ်-၁၉ ကပ်ရောဂါက မျိုးရိုးဗီဇပြောင်းလဲသည့် ဗိုင်းရပ်စ် ပုံစံဖြင့် ဝင်ရောက်လာခဲ့သော တတိယလှိုင်းရိုက်ခတ်မှုမှာ လွန်စွာ ပြင်းထန်လှသည်။ မူလကိုဗစ်-၁၉ ထက် အဆများစွာ ပြင်းထန်လာပြီ ဖြစ်သော ရောဂါပိုးသည် ကြီးငယ်ရွယ်လတ်၊ ဆင်းရဲ ချမ်းသာ၊ ဘာသာ လူမျိုးမရွေး မည်သူ့ကိုမဆို အသက်ဘေးအန္တရာယ်ကျရောက်စေသည် အထိ ဒုက္ခပေးနိုင်သည်။ နေ့စဉ်ရောဂါကူးစက်ခံရသူအရေအတွက် ဆေးရုံတက်ရသူနှင့် သေဆုံးသူတို့ အရေအတွက်များ မြင့်တက်လာ သည်မှာ ဂရပ်ဇယားများတွင်ကြည့်ပါက အချိန်တိုအတွင်း မိုးပေါ်သို့ ထောင်တက်နေသည်ကို ကြောက်စရာ ကောင်းအောင် တွေ့မြင်ရ သည်။

အားလုံးအတူ ဝိုင်းဝန်းပါဝင်ကူညီ

 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ၊ မိမိ ကိုယ်ကိုယ် ကိုဗစ်-၁၉ ရောဂါသံသယရှိသူများ ကျန်းမာရေးစောင့် ရှောက်မှုခံယူနိုင်သည့်အစီအစဉ်များ ထုတ်ပြန်လိုက်ရာ ၎င်းအစီအစဉ် အရ ကိုဗစ်-၁၉   သံသယရှိပါက   သက်ဆိုင်ရာ   မြို့နယ်‌ဒေသန္တရ ကျန်းမာရေးဌာန သို့မဟုတ် မြို့နယ်ဆေးရုံများသို့ သွားရောက်သတင်း ပို့ရမည်ဖြစ်သည်။  မြို့နယ်တွင်သတင်းပို့သည့်    သံသယရှိသူအား ဓာတ်ခွဲစစ်ဆေးပေးမည်ဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ဓာတ်ခွဲအတည် ပြုလူနာများအနေဖြင့် မိမိတို့၏ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် ကျန်းမာရေးကော်မတီသို့ ပြန်လည်သတင်းပေးပို့ရမည်ဖြစ်သည်ဟု သိရသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်