၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ
၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် ဇွန်လ ၂၂ ရက် နံနက် ၁၀ : ၃၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးသန်းညွန့် (ဇင်မင်း၊ သမိန်ထော)၊ ဦးဇော်ဌေး (ရန်ကုန်ဌေးဇော်)၊ ဒေါ်နွဲ့နွဲ့ (ရွှေကူနန်းနွဲ့နွဲ့)တို့ တက်ရောက်ခဲ့ကြသည်။