နိုင်ငံ၏အင်အား၊ အနာဂတ်များ
“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဟာ ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပဲဖြစ်တယ်။ နိုင်ငံတော်အနေနဲ့လည်း အသိပညာ၊ အတတ်ပညာပြည့်စုံတဲ့ ပညာတတ်တွေနဲ့ သာယာဝပြောတဲ့ အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့ ဦးတည်ဆောင်ရွက်နေပြီး အရည်အသွေးပြည့်ဝတဲ့ ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်။ အသိဉာဏ်ပညာပြည့်စုံပြီး ဆင်ခြင်တုံတရားပြည့်ဝတဲ့ ကျောင်းသား ကျောင်းသူ လူငယ်တွေဟာ နိုင်ငံရဲ့အင်အား၊ နိုင်ငံရဲ့အနာဂတ်များပဲဖြစ်တယ်။”
