လူညံ့လူဖျင်းများ
ကိုယ့်ကိုယ်ကိုယ်“လွတ်လပ်တဲ့ လုပ်ငန်းယန္တရား” လို့ တထစ်ချသတ်မှတ်ထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါတဲ့ အစီရင်ခံစာတစ်စောင်ကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ အဲဒီကြီးကျယ်ခမ်းနားလေးစားလောက်စရာ အဖွဲ့အစည်းကြီးဟာ အခုအခါ ဘတ်ဂျက်အကြီးအကျယ် ဖြတ်တောက်ခံနေရတာပါ။ သူတို့တစ်တွေ တစ်သွားတည်းသွားနေတဲ့ ခရီးသွားစရိတ်တွေနဲ့ လျှာအရင်းမြက်စရာ ညစာစားပွဲတွေအတွက် ရန်ပုံငွေရဖို့ အသည်းအသန်ရှာဖွေနေကြရပါတယ်။ တစ်ခါတလေလောက်တော့ လူသားတွေရဲ့အကျိုးအတွက် ကိုယ်ကျိုးလေးစွန့်ပြီး ရိုးရိုးတန်းလောက်နဲ့ ခရီးသွားလိုက်ပါဦးလား။ ဒါမျိုးတော့ သူတို့ဗီဇထဲမှာ ပါလာပုံမရပါဘူး။ သူတို့ရဲ့ “မဟာအန်ကယ်ကြီး” ကနေ အခုလို ဘတ်ဂျက်အကြီးအကျယ် ဖြတ်တောက်ခံရတာ သူတို့တစ်သက်မှာ မကြုံဖူးပါဘူး။
