ကိုဗစ်-၁၉ ရောဂါအလေးထားကာကွယ်
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ အချိန်ကာလအားဖြင့် နှစ်နှစ်ကျော်သုံးနှစ်နီးပါးကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကူးစက်ရောဂါဆိုးကို တစ်ကမ္ဘာလုံးကြုံတွေ့ခံစားခဲ့ရာ ယနေ့အချိန်အထိ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့် ကူးစက်ခံခဲ့ရပြီး ဆက်လက်၍လည်း ကူးစက်မှုများရှိနေသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် ကမ္ဘာ့ပြည်သူသန်းနှင့်ချီ၍သေဆုံးခဲ့ပြီး ရောဂါကြောင့် နောက်ဆက်တွဲခံစားမှုများကို အားလုံးကြုံတွေ့နေရသည်။
ငြိမ်းချမ်းရေးကို လိုလားစွာဖြင့် ညှိနှိုင်းဆွေးနွေးဖြေရှင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့ခုနစ်ဖွဲ့ နှင့် NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့သုံးဖွဲ့တို့ တက်ရောက်ကြမည်ဟု သိရသည်။ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားရန် ရှေ့လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်ထားပြီးဖြစ်သည်။
ဘေးဘယာကင်းဝေးစေရေး တက်ကြွစွာပူးပေါင်းပါဝင်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဒီဇင်ဘာလ ၆ ရက်နေ့ညတွင် ဓာတ်ခွဲအတည်ပြုလူန၁သစ် ၂၃၁ ဦး တွေ့ရှိသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၁ ဒသမ ၃၇ ရာခိုင်နှုန်းရှိပြီး ပိုးတွေ့ မှုနှုန်း တစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည်။ ရောဂါဖြင့် ထပ်မံသေဆုံးသူ အရေအတွက်မှာလည်း ငါးဦးရှိသဖြင့် ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အခြေအနေကောင်းသို့ ရောက်နေပြီဖြစ်သည်။