အဖေခေါ်မှားတဲ့သားနဲ့ အဆိုးသံသရာထဲက ယူကရိန်း
ဒီအချိန် ဒီကာလတစ်ခုဟာ ယူကရိန်းအတွက်တော့ အခက်ခဲဆုံးအချိန်ဖြစ်နေပါပြီ။ အမေရိကန်ကို အားကိုးတဲ့ ဇာလန်စကီး၊ နေတိုးကို အဖော်ပြုတဲ့ယူကရိန်း အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက်နေရပြီ။ သတိမမူ ဂူမမြင် ဘယ်သူကမိတ်ဆွေအစစ်၊ ဘယ်သူက မိတ်ဆွေအတု ခွဲခြားမသိခဲ့၊၊ နေတိုးရဲ့ စနစ်တကျစီစဉ်မှုအောက်မှာ ဆင်ခြင်တုံတရားမဲ့တဲ့ ယူကရိန်းခေါင်း ဆောင်တွေဟာ မည်သည့်အပြောင်းအလဲတစ်ခုခု၊ အခင်းအကျင်းသစ် တစ်ခုခုကိုမှ ဖန်တီးနိုင်စွမ်းမရှိသေးဘဲ သူတို့နိုင်ငံ၊ သူတို့ပြည်သူတွေကို ကြမ္မာဆိုးထဲ တွန်းပို့ဆဲဖြစ်နေပါတယ်။ ယနေ့ကမ္ဘာ့အရေးအခင်းတွေ မြင်ကွင်းတွေက မိမိနိုင်ငံအတွက်ဆို သင်ခန်းစာ ယူသင့်စရာတွေအများကြီးပါ၊ ယူတတ်ရင်ပညာ အမှန်မြင်တတ်ဖို့ပဲ လိုပါတယ်။