ဒုတိယသမ္မတသတင်းများ

Aug 13, 2020
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့ တွင် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စံကိုက်ကျောင်းဆောင်၊ တွန်းဇံမြို့ရှိ Cyclone Shelter ဆောက်လုပ် နေမှု၊ (၂၅) ခုတင် ဆံ့ပြည်သူ့ဆေးရုံတိုးချဲ့တည်ဆောက်နေမှုနှင့် ဗားရ်တံတားအမှတ်(၂) တည်ဆောက်နေမှု တို့အား ကြည့်ရှုစစ်ဆေးသည်။
Aug 12, 2020
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးခင်မောင်ဝင်းနှင့် ဦးမြင့်ကြိုင်၊ အမြဲတမ်း အတွင်းဝန် ဦးရွှေလေး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ် တွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ စစ်ကိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြရာ  ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည် နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် တာဝန်ရှိသူများက ကလေးမြို့လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
Aug 11, 2020
အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။
Aug 05, 2020
အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ၏ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
Jul 21, 2020

နေပြည်တော်   ဇူလိုင်   ၂၁

မန္တလေးတိုင်းဒေသကြီး၌ ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အမရပူရ မြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီ မြစ်ရေ ဝင်ရောက်မှုအား တားဆီးပိတ်ဆို့နိုင်မှုနှင့် ကမ်းနားလမ်း ပြန်လည်တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုကြသည်။

Jul 20, 2020

 

နေပြည်တော်   ဇူလိုင်   ၂၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အမရ ပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံ အနီး တာရိုး ကျိုးပေါက်မှု၊ ကမ်းနားလမ်းပျက်စီးမှုကို သွားရောက် ကြည့်ရှု စစ်ဆေး၍ လမ်းညွှန်မှာကြား ပြီး ကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ထောက်ပံ့ အားပေးကြသည်။

Jul 15, 2020

နေပြည်တော် ဇူလိုင် ၁၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ၂၀၂၀ ပြည့်နှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

Jul 07, 2020

နေပြည်တော် ဇူလိုင် ၇

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၀) အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ အမျိုးသားခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာ စကားပြောကြား သည်။

Jun 19, 2020

ရန်ကုန် ဇွန် ၁၉

၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

Jun 08, 2020

နေပြည်တော် ဇွန်  ၈

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။