ရန်ကုန်တိုင်းဒေသကြီး

သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (၃) ကျောင်းနှင့် အ.ထ.က (၄) ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။

ကြည့်မြင်တိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ် (၉) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်းနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်း စသည့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမှတ် (‌‌၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းမြတ်ဆရာခန်းမတွင် ပြုလုပ်ခဲ့သည်။

သန်လျင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်

သန်လျင်ခရိုင် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများကို ဇန်နဝါရီ ၂၇ ရက်နေ့ ည (၆) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းစုံ၊ လမ်းခွများ၌ ဆောင်ရွက်ခဲ့ကြသည်။

သန်လျင်မြို့နယ် ဒါရ်ကာ ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိ လူနာ၏ နေအိမ်ဝန်းကျင်အား အဘိတ်ဆေးခပ်ခြင်းဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်နေ လူနာ၏နေအိမ်နှင့် ပတ်ဝန်းကျင်နေအိမ်များအား အဘိတ်ဆေးခပ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

မရမ်းကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟော‌ပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး နံရံကပ်၊ စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ကာယ၊ဉာဏစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးနံရံကပ်စာ‌စောင်ပြပွဲ၊ စာအုပ်စာ‌စောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်းသန့်ရှင်းဆောင်ရွက်မှု မြို့တော်ဝန်မှ ကြည့်ရူစစ်ဆေး

ရန်ကုန်တက္ကသိုလ်တွင် ယနေ့နံနက် (၇) နာရီချိန်မှစတင်၍ ကမာရွတ်မြို့နယ် အမှတ် (၉) ရပ်ကွက်တက္ကသိုလ်ရိပ်သာလမ်း (အဓိပတိလမ်းထိပ်မှ အင်းယားလမ်းထိ) မြို့နယ်စည်ပင်ရုံးမှ ဝန်ထမ်းများ၊ လမ်းတံတားမှ ဝန်ထမ်းများ၊ ရေစီးရေလာမှ ဝန်ထမ်းများ၊ ပန်းဥယျာဉ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား (၃၅) ဦးဖြင့် လမ်းဘေးဝဲ/ယာရှိ အမြင်မတင့်တယ်သည်များကို ရှင်းလင်းခြင်း၊ အပင်အောက်တက်ရှင်းလင်းခြင်း၊ ရေမြောင်းရှင်းလင်းခြင်း၊ ရေမြောင်းနှာပေါက်များ ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr Mongkol Visitstump အား လက်ခံတွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr Mongkol Visitstump အား လက်ခံတွေ့ဆုံသည်။

အင်းစိန်မြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီး စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်‌ကျောင်းများအရောက် စာအုပ်များ သွားရောက်‌ဌားရမ်းပေးလျက်ရှိရာ ယမန်နေ့တွင် အင်းစိန်မြို့နယ်‌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အ.လ.က (၄) ကျောင်း၊ အ.မ.က (၅) ကျောင်းများသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး