ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စိုက်ပျိုးထားသော ကျေးရွာသုံး စိုက်ခင်းမှ ထွက်ရှိသော ထင်းနှင့်မျောတိုင်များအား ပြည်သူများအား ထောက်ပံ့ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တော ပြုန်းတီးမှုမှ ကာကွယ်ရေးနှင့် ပြည်သူများ ထင်းသုံးစွဲမှု အထောက်အပံ့ရရှိရေး ယမန်နေ့နံနက် ၁၁ နာရီက ရဒါန်းချောင်းဆုံ ကြိုးဝိုင်းအကွက်အမှတ်(၁၇)၌ ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသော ထင်းနှင့် မျောတိုင်များအား ချောင်းဆုံကျေးရွာမှ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။