၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အတွက် အသက် ၆၀ နှစ် နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေး ခြင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာများတွင် ယနေ့နံနက် ပိုင်းက စတင်၍ ဆောင်ရွက်ကြသည်။
မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အဖြစ် “ဘယ်သူပြိုင်လို့ လှပါတော့နိုင်”ဇာတ်ကားအား Digitization ပြုလုပ်ပြီးစီး
မြန်မာရုပ်ရှင်ချစ်ပရိသတ်များ စွဲလမ်းနှစ်သက်ခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင် ဇာတ်ကား ကို ကိုရီးယားရုပ်ရှင်ကောင်စီက Digitization ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့တွင် ၎င်းဇာတ်ကား၏ Digital Version နှင့် မူရင်းဖလင်များကို ပြန်ကြားရေး ဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌဟံသာ၀တီ ဦးအုန်းကြိုင်ဆုံးရှာပြီ...
သည်ကနေ့ ၂၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ် သောကြာနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌဖြစ်သူ ဟံသာ၀တီ ဦးအုန်းကြိုင်ဆုံးပါးသွားခဲ့ပါသည်။ ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ဆေးကုသ ခံယူနေရာက ပိုးကင်းရှင်း ပျောက်ကင်းပြီဟုသိရပြီး ဆေးရုံမှဆင်းရတော့ မည့် အချိန်တွင် အူနှင့်ပတ်သက်သောရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရာမှ အူမကြီးပေါက်ခြင်းနှင့် ယင်းကြောင့် သွေးဆိပ်ပျံ့နှံ့ကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးမှုကြောင့် တိမ်းပါးသွားခဲ့ကြောင်း ကျန်ရစ်သူ မိသားစုဝင်များ၏ ပြောပြချက်အရ သိရပါသည်။
မြန်မာ-ကိုရီးယားပူးပေါင်း၍ အွန်လိုင်းဖြင့် တိုက်ကွမ်ဒိုသင်ကြားပေး
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ နည်းစနစ်ကော်မတီနှင့် ကိုရီးယားနိုင်ငံ (Taekwondo Promotion Foundation)တို့ ပူးပေါင်း၍ မြန်မာတိုက်ကွမ်ဒိုအားကစားနည်းတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ထွက်ပေါ်လာရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးနှင့် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်- ၁၉ စိတ်ဖိစီးမှုများ လျော့ကျလာစေရေး၊ ကျန်းမာ၊ ကြံ့ခိုင်လာစေရန်နှင့် မိမိကိုယ်မိမိ ယုံကြည်လာစေရေး အလေးပေးဆောင်ရွက်သော လှုပ်ရှားမှုတစ်ခုအဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ တိုက်ကွမ်ဒိုအသင်းအဖွဲ့များမှ မိမိတို့ အသင်းကစားသမားများအား နေအိမ်နေသည့်ကာလ တစ်လျှောက်တွင် Zoom Virtual Taekwondo Training များဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆင်မကြီးမိုမို၏ (၆၇နှစ်) ပြည့်မွေးနေ့ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ကျင်းပမည်
၁၉၆၁ ခုနှစ်တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ရောက်ရှိလာသော ဆင်မကြီး မိုမိုမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်တွင် အသက် (၆၇နှစ်) ပြည့်ပြီဖြစ်ရာ ဆယ်စုနှစ်ခေတ်များစွာကို ဖြတ်သန်း လာသော ဆင်မကြီးမိုမို ယနေ့တိုင် အသက်ရှင်သန်လျက်ရှိ၍ မိုမိုမွေးနေ့အား ကျန်ဆင်မသုံးကောင် နှင့်အတူ အသီးအနှံမျိုးစုံဘူဖေးကျွေးမွေးခြင်းဖြင့် အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်- ကိုကိုးကျွန်းခရီးစဉ် ဒုတိယအခေါက် ထွက်ခွာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ဒုတိယအခေါက် ခရီးစဉ်ကို သူရိယစန္ဒာဝင်းကုမ္ပဏီပိုင် MV.CHARITES ရေယာဉ်ဖြင့် ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း အမှတ် (၃) ဆိပ်ခံတံတားမှ ထွက်ခွာသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ပံ့ကူညီသည့် ဆေးရုံသုံးလက်အိတ်များနှင့် လူသားချင်းစာနာ ထောက်ထားမှုဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင်ဝန်ထမ်းများ တင်ဆောင်လာသော အထူးလေယာဉ်ရောက်ရှိ
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ထောက်ပံ့ကူညီသည့် ဆေးရုံ သုံး လက်အိတ်များနှင့် လူသားချင်းစာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင် ဝန်ထမ်းများ တင်ဆောင်လာသော အထူးလေယာဉ်သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးကျင်းပ
ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် Video conferencing ဖြင့် ကျင်းပသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်လူနာများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးလျက်ရှိသောကြောင့် များစွာအထောက်အကူရရှိ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်လူနာများ ရောဂါသက်သာပျောက်ကင်း၍ ကျန်းမာရေးကောင်းမွန်လာပါက အဆိုပါ ကျန်းမာရေးကောင်းမွန်လာသူများ၏ သွေးရည်ကြည်ကိုအသုံးပြုကာ ကိုဗစ်ရောဂါပြင်းထန်သူများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးလျက်ရှိသောကြောင့် ကိုဗစ်လူနာများအတွက် များစွာ အထောက်အကူရရှိစေကြောင်း သွေးရည်ကြည်ကုထုံး Ad-hoc ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြက ပြောသည်။
ဧရာဝတီစင်တာသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်၊ အစ္စရေး၊ အီတလီနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ လာရောက်လေ့လာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက ကိုဗစ်-၁၉ လူနာများအား ကုသပေးလျက်ရှိသည့် ဧရာဝတီစင်တာသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်၊ အစ္စရေးနှင့် အီတလီနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ လာရောက်လေ့လာကြသည်။
