Skip to main content

POSCO International Corporation မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် Test kits များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားနိုင်ငံထုတ် RT-PCR Test Kits and Rapid Antigen Test Kits များအား ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

မြန်မာနိုင်ငံ ရေဝပ်ဒေသမှ ဆောင်းခိုငှက်များကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်လို

မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်များအတွက် လုံလောက်သောအစာရေစာများကို ထောက်ပံ့ပေးစွမ်းနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုနည်းပါးခြင်းတို့ကြောင့် ဆောင်းရာသီကာလတွင် ဆောင်းခိုငှက် အများအပြား နှစ်စဉ်ရောက်ရှိလာကြသဖြင့် ငှက်မျိုးစိတ်များ ပျောက်ပျက်မှုမရှိစေရေးဝိုင်းဝန်း ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင်က ပြောသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေးအတွက် (Social Distancing)နှင့် အညီမဲစာရင်းများ ကြည့်ရှုနိုင်ရန် စီစဉ် ဆောင်ရွက်ပေးထား

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက် ပွဲ အတွက် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများကို အောက်တိုဘာ(၁)ရက်မှစတင်ကာ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေး အတွက် (Social Distancing)နှင့် အညီ မဲစာရင်းများ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

အာရှနှင့် အရှေ့ - အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်၌ ဂျိုင်းတံတားကြီး တည်ဆောက်နေ

ကရင်ပြည်နယ် ဘားအံခရိုင် အာရှလမ်းမကြီးအမှတ် (၁) နှင့် အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ် ဂျိုင်းမြစ် ကိုဖြတ်၍ လေးလမ်းသွား ဂျိုင်း-ကော့ကရိတ် တံတားကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာနက တည် ဆောက် လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ သံဃာတော်များအား အနီးကပ်ကြပ်မတ်ကုသနိုင်မည့်၄၄-ခုတင်ဆံ့ အထူးကြပ်မတ်ကုသဆောင်နှင့် ကြပ်မတ်ကုသဆောင်များ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါပိုးတွေ့သံဃာတော်များအား အနီးကပ် ကြပ်မတ်ကုသစောင့်ရှောက်ထားရှိနိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသ ကြီး ကမ္ဘာအေးကုန်းမြေရှိ သာသနာ့ဆေးရုံ ဟောင်းဝင်းအတွင်း၌ ကြပ်မတ်ကုသဆောင် (HDU) ၃၆- ခုတင်နှင့် အထူး ကြပ်မတ်ကုသဆောင် (ICU) ၈-ခုတင်ပါဝင် သော ၄၄- ခုတင်ဆံ့ အထူးကြပ်မတ်ကုသဆောင်များအတွက် ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများ၌ထားရှိသည့် မြန်မာသင်္ဘောသား ၃၁၁ ဦး ရှိနေပြီဖြစ်

ပြည်ပနိုင်ငံများမှရောက်ရှိလာကြသည့် မြန်မာသင်္ဘောသားအလုပ်သမားများအား Sea Rangers (Myanmar Seafarers Donation Group)မှ ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ ဓမ္မမာမက ဓမ္မရိပ်သာနှင့် ဓမ္မရံသီ မိုးကုတ်ရိပ်သာ ကန့်သတ် စောင့်ကြည့်ရေးစင်တာတို့၌ ကုန်ကျစရိတ်များတာဝန်ယူ၍ ထားရှိပေးထားရာ ယနေ့အထိ စုစုပေါင်း ၃၁၁ ဦး ရှိနေပြီဖြစ် ကြောင်း Sea Rangers အဖွဲ့မှ သိရသည်။

ကိုဗစ်မကူးစက်ရေးကို တစ်ဦးချင်း၊ တစ်ယောက်ချင်းစီက တာဝန်ယူပြီး ဆက်လက်ပြီးတော့ မကူးစက်ရေး၊ ခုခံကာကွယ်ရေးကို ပါဝင်ပြီး တိုက်ခိုက်ကြပါလို့ ကျွန်တော့်အနေနဲ့ အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်-ပါမောက္ခ ဒေါက်တာဇော်ဝေစိုး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ဆက်သွယ်မေးမြန်းထား သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -

ဘုတ်ပြင်းတွင် လေဘေးသင့်ပြည်သူများအတွက် ကြက်ခြေနီက သွားရောက် ကူညီ ထောက်ပံ့

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်းကြောင့် ထိခိုက်ခံစားရသော ပြည်သူ များအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ထောက်ပံ့သော ပစ္စည်း များကို ဘုတ်ပြင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းပိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၂ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း အဆိုပါရ ပ်ကွက်/ကျေးရွာ များသို့ သွားရောက်ခဲ့ပြီး အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ ပေး အပ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုးသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်မြှင့်တင်ပေးခြင်း စီမံကိန်းအတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပ

ဂျာမနီနိုင်ငံသမဝါယမအဖွဲ့ချုပ် (DGRV)နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သမဝါယမ ဦးစီးဌာန တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မြန်မာနိုင်ငံ အတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း စီမံကိန်းကို ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ နှစ်ဦးသဘောတူ နားလည်မှုစာချွန်လွှာ စာချုပ် (MoU) လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင် အွန်လိုင်း အစီအစဉ်ဖြင့် ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမနီနိုင်ငံသံရုံး Head of Development Cooperation ဖြစ်သူ Ms. Marianna Knirsch၊ DGRV ရုံး မြန်မာနိုင်ငံ ကိုယ်စားလှယ် Project Director, Mr. Marc Andre Zach နှင့် DGRV မှတာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အမှူးပြုသော ဆရာတော်ကြီး ၁၅ ပါးတို့က သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရားတော်များ ရွတ်ပွားသရဇ္ဈာယ်

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေး ကင်းဝေးစေရေးအတွက် ၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ နိုင်ငံတော်သံဃ မဟာနာ ယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္ မဇော တိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူး ပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့ သည် အန္တရာယ်ကင်းပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်းကမ္မဝါစာများ ရွတ်ဖတ်ပူဇော် ကြသည်။
Subscribe to ရန်ကုန်