Skip to main content

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀  နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးသို့

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွက်UNICEF က ထောက်ပံ့ ကူညီသည့် ပစ္စည်းများတင်ဆောင်လာသောအထူးကုန်တင်လေယာဉ်ရောက်ရှိ

မြန်မာန်နိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့်အထောက် အကူပြု ပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသည်။

KBZ MS ၏ ထိပ်တန်းအာမခံကိုယ်စားလှယ်များကို ကျန်းမာရေးနှင့် အသက်အာမခံအကာအကွယ်များ ပေးအပ်

KBZ MS General Insurance ၏ ကျန်းမာပြည့်၀လုံခြုံစိတ်ချ ကိုယ်စားလှယ်ဘ၀အစီအစဉ် (Agent Health and Wellness Safeguard Program)အဖြစ် ထိပ်တန်းအာမခံ ကိုယ်စားလှယ်များကို ကျန်းမာရေးနှင့် အသက်အာမခံအကာအကွယ်များ ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Strand Square တွင် ကျင်းပရာ ရှေးဦးစွာ KBZ MS General Insurance ၏ Vice Chairman ဦးညိုမြင့်က အဖွင့်အမှာစကားပြောကြားပြီး Chief Executive Officer Mr.Anil Mancham က နှုတ်ခွန်းဆက်စကားပြောကြားသည်။

နယ်သာလန်အခြေစိုက် DAMEN SHIPYARDS GORINCHEM ကုမ္ပဏီမှ ဝယ်ယူခဲ့သော “ဧရာမောင်” နှင့် “သလ္လာမောင်” သောင်တူးရေယာဉ်အသစ် နှစ်စီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်

ဧရာဝတီမြစ်အတွင်း ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် နယ်သာလန်အခြေစိုက် DAMEN SHIPYARDS GORINCHEM ကုမ္ပဏီမှဝယ်ယူခဲ့သော အရည်အသွေးမြင့် “ဧရာမောင်” နှင့် “သလ္လာမောင်” သောင်တူး ရေယာဉ်အသစ် နှစ်စီး (Cutter Suction Dredger-CSD 500)အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းရှိ JV of Myanmar Shipyards-AMECC ရုံးဝင်းအတွင်း၌ ကျင်းပသည်။

ဂျပန်အစိုးရနှင့် ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်း

ဂျပန်အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ် သည်။

Air KBZ လေကြောင်းလိုင်းက ပြည်တွင်းခရီးသွားများ အဆင်ပြေစေရန် အထူးအစီအစဉ်ပြုလုပ်

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်တွင်းခရီးသွားများ အဆင်ပြေ စေရန်နှင့် ခရီးသွားလာမှု အခက်အခဲ မရှိဘဲ အဆင်ပြေလွယ်ကူစေရန် Air KBZ လေကြောင်းလိုင်းက အထူးအစီ အစဉ် ထပ်မံပြုလုပ်ပေးထားကြောင်း သိရသည်။ Air KBZ လေကြောင်း လိုင်းသည် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးနှင့် ပြည်တွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ရည်ရွယ်ချက်များ ဖြင့် အထူးအစီအစဉ်များ ဆက်တိုက် ပြုလုပ်ပေးနေခြင်းဖြစ်သည်။

အလုံရထားလမ်းကူး ခုံးကျော်တံတားသစ် တည်ဆောက်ပြီးစီး၊ ချဉ်းကပ်လမ်းနှင့် မြေကာနံရံ လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိ

ရထားသွားလာမှုနှောင့်နှေးကြန့်ကြာမှု နည်းပါးစေရေး နှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွား လာရာ ၌ အဆင်ပြေ လွယ်ကူချောမွေ့စေရန်အတွက် အလုံမြို့နယ် အလုံဘူတာ နှင့် ဘုရားလမ်း ဘူတာကြား၌ အလုံရထားလမ်းကူးခုံးကျော် တံတားဟောင်းအားဖျက်သိမ်း၍ တံတားသစ်ဖြင့် အစားထိုး တည်ဆောက်နေရာ ယခုအခါ တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် မြေကာနံရံလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန် - ကိုကိုးကျွန်း တတိယမြောက်သင်္ဘောခရီးစဉ် ဩဂုတ် ၉ ရက်တွင် ပြေးဆွဲမည်

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ စီမံမှုဖြင့် ရန်ကုန် - ကိုကိုးကျွန်း တတိယ မြောက်သင်္ဘောခရီးစဉ်ကို ဩဂုတ် ၉ ရက် တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံမှ အခက်အခဲကြုံ နေရသည့် မြန်မာနိုင်ငံသား (၅၄) တို့အား Air India ကယ်ဆယ်ရေး လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၄နာရီတွင်လည်းကောင်း၊ ဂျပန်နိုင်ငံမှ အခက်အခဲ ကြုံနေရသည့် မြန်မာနိုင်ငံသား(၁၆၉)ဉီးတို့အား ANA ကယ်ဆယ်ရေး လေယာဉ်ဖြင့် ခေါ်ဆောင် ခဲ့ရာ ယနေ့ ညနေ ၄နာရီခွဲတွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Subscribe to ရန်ကုန်