Skip to main content

ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

 

ကြေညာချက်အမှတ် (၂/၂၀၂၁)

 

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း  ၂  ရက်

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၃  ရက်)

 

၁။      နိုင်ငံတော်အနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လူမှုရေး၊ စီးပွားရေး တို့အတွက် အခွန်ဆိုင်ရာဖြေလျှော့မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ပို့ကုန် အပေါ် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအား ၁-၄-၂၀၂၀ ရက်နေ့မှ ၃၁-၁-၂၀၂၁ ရက်နေ့အထိ ကင်းလွတ်ခွင့် ပြုပေးခဲ့ပါသည်။

၂။       ယခုအခါ COVID-19 ကပ်ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး ထိခိုက်ခဲ့မှုများ ဆက်လက်ရှိနေဆဲဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ပို့ကုန် လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ထပ်မံ၍ ကာလတိုးမြှင့်ကင်းလွတ်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန