Skip to main content

အရေပြားအကျိတ်နာရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

ကျွဲ၊ နွားများတွင်ဖြစ်ပွားတတ်သည့် အရေပြားအကျိတ်နာရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပြီး မိမိတို့မွေးမြူထားသောကျွဲ၊ နွားများကို အဆိုပါရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာ ကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

(၁ )      နာမကျန်းကျွဲ၊ နွားများကို လွှတ်ကျောင်းခြင်း၊ အခြားကျွဲ၊နွားများနှင့် ရောနှောခြင်းမပြုရန်၊

( ၂ )     ကျွဲ၊ နွားမွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုရန်နှင့် ပိုးသတ်သန့်စင်ခြင်း ဆောင်ရွက် ရန်၊

( ၃ )     ကျွဲ၊ နွားအသစ်ဝယ်ယူမွေးမြူမည်ဆိုပါက ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ကျွဲ၊ နွားများကို ဝယ်ယူမွေးမြူရန်၊

( ၄ )     ဝယ်ယူသည့်နွားအသစ်များကို မိမိခြံရှိနွားများနှင့် မိမိခြံရှိဝက်များနှင့်အတူ ထည့်သွင်း မွေးမြူ ခြင်းမပြုမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊

( ၅ )     ရောဂါပိုးသယ်ဆောင်တတ်သည့် အင်းဆက်ပိုးမွှားများဖြစ်သည့် မှက်၊ ခြင်၊ ယင်နှင့် မွှားများကို ထိန်းချုပ်ရန်၊

( ၆ )     ဆေးထိုးအပ်နှင့် ခြံအသုံးအဆောင်ပစ္စည်းများ မျှဝေသုံးစွဲခြင်းမပြုရန်၊

(၇)   ကျွဲ၊ နွားများရွှေ့ပြောင်းသယ်ဆောင်ရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ တိရစ္ဆာန် ကျန်းမာရေးထောက်ခံချက်လက်မှတ် (AHD/PC-3) ရယူရန်၊

( ၈ )     မိမိကျွဲ၊ နွားများတွင် အရေပြားအကျိတ်နာဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်၊

( ၉ )     ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန