Skip to main content

ဘက်စုံပို့ဆောင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၃ /၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ဘက်စုံပို့ဆောင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၃ /၂၀၂၂

၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်

(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ဘက်စုံပို့ဆောင်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဘက်စုံပို့ဆောင်ရေးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ထ)ကို အောက်ပါအတိုင်း အစားထိုးရမည် -

“(ထ)ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို ဆိုသည်။”

၃။ ဘက်စုံပို့ဆောင်ရေးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဒ)၊ ပုဒ်မ ၇၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဂ)တို့တွင်ပါရှိသော “ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန” ဆိုသည့်စကားရပ်ကို ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်

 

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ