ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၂၄ / ၂၀၂၂
၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်)
တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) ဒေါ်ခင်ဆွေထွန်း ကရင်ပြည်နယ်တရားလွှတ်တော်
(၂) ဒေါ်စန္ဒာသွယ် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး