အသက် (၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ် မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း”စီမံချက်ဖြင့်ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက် ပေးခြင်းများကို (၃-၅-၂၀၂၁)မှ(၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက် ပေးလျက်ရှိသည်။
ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာ တွင်လည်းကောင်း၊ တည်းခို နေထိုင်ရာ နေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများ တွင်လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို (၁-၄-၂၀၂၂) နေ့ (၆:၀၀) နာရီမှစ၍ ပြသစစ်ဆေး ခံရမည်ဖြစ်ပါသည်။
နေ့စဉ်ရက်ဆက်ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်)အစား ထောက်ခံစာ များကို ပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။
နိုင်ငံသားကတ်(မှတ်ပုံတင်)အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပို ထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှု မြောက်ပါကြောင်း အသိပေးအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန