(၂၀၂၀) ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိထားပြီး ကျောင်းလာရောက်အပ်နှံခြင်းမရှိသေးသူများ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များအချင်းချင်း ပြောင်းရွှေ့လျှောက်ထားလိုသူများ၊ အခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ဝင်ခွင့်ရရှိသူများသည် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါကကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားနိုင်ကြောင်းနှင့် လစ်လပ်နေရာပေါ်မူတည်ပြီး ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနက် အမှတ်အများဆုံးရရှိသူများအား ရွေးချယ်၍ လစ်လပ်နေရာများတွင် အစားထိုးပြောင်းရွှေ့တက်ရောက်ခွင့်ပြုရေး ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page, Website တို့တွင်လည်းကောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website တွင်လည်းကောင်း၊ သက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ Website များတွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် မိမိတို့လက်ရှိတက်ရောက်ပညာသင်ကြားလျက်ရှိသော တက္ကသိုလ်များတွင်လည်း စုံစမ်းမေးမြန်းနိုင်ကြောင်း ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန