အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သော CRPH NUG တို့က ဖွဲ့စည်းထားသော PDF အဖွဲ့များသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများပျက်ပြားစေရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ မဖွင့်နိုင်စေရန်နှင့် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းမတက်ရဲစေရန် ဆရာ၊ ဆရာမများကိုသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ၌ ဗုံးထောင်ခြင်း၊ ဗုံးခွဲခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ခြင်း၊ ပြည်သူလူထုအတွင်း အကြောက်တရားများ ဖြစ်ပေါ်စေရန် အေးချမ်းစွာနေထိုင်လိုသော ပြည်သူများကို သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်သည်သာမက နိုင်ငံရေးနှင့် မည်သို့မျှသက်ဆိုင်းခြင်းမရှိသည့် ရဟန်းသံဃာများကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ဗုဒ္ဓဘာသာသည် နိုင်ငံတော်၌ အများဆုံးကိုးကွယ်ရာ ဘာသာတစ်ခုဖြစ်သည့်အပြင် ကမ္ဘာ၌လည်း ဂုဏ်သိက္ခာမြင့်မားစွာဖြင့် တည်ရှိလျက်ရှိသော ဘာသာတရားဖြစ်ပါသည်။ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည့်နိုင်ငံ၌ အကျင့်သီလပြည့်စုံစွာဖြင့် ကျင့်သုံးလျက်ရှိသည့် ရဟန်းတော်များကို သတ်ဖြတ်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် လွန်စွာအကျည်းတန် ရုပ်ဆိုးစေပါသည်။
သို့ဖြစ်၍ နိုင်ငံနှင့်လူမျိုးအတွက် လွန်စွာအကျည်းတန်ရုပ်ဆိုးစေသည့် ရဟန်းသံဃာတော်များအား သတ်ဖြတ်ခြင်းကဲ့သို့သော ပြစ်မှုများကို ကျူးလွန်သူများအားဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရန်နှင့် ယင်းတို့နှင့်ပတ်သက်၍ သတင်းပေးနိုင်သူများအား ထိုက်တန်စွာဆုချီးမြှင့်ပြီး ထိရောက်သောအကာအကွယ်များ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့