Skip to main content

စက်သုံးဆီအရောင်းဆိုင်များနှင့်ပတ်သက်၍ အသိပေးကြေညာချက်

၁။ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှတစ်ဆင့် ပြည်သူများစက်သုံးဆီဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုမရှိစေရေး တင်သွင်းဖြန့်ဖြူးခြင်းများ ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိပါသည်။

၂။ သို့ရာတွင် အချို့သောစက်သုံးဆီအရောင်းဆိုင်များသည် ရည်ရွယ်ချက်ရှိစွာ ပြည်သူများ စိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်စေရန်နှင့် စက်သုံးဆီဈေးနှုန်းပြောင်းလဲမှု ရှိလာနိုင်မည်ဟုယူဆပြီး မိမိအကျိုးစီးပွားကိုမျှော်လင့်၍ စက်သုံးဆီပြတ်လပ်သည်(သို့မဟုတ်) စက်သုံးဆီလက်ကျန်နည်းပါးသည်ဟုပြောဆိုကာ ရောင်းချမှုရပ်တန့်ခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

၃။ ကော်မတီအနေဖြင့် စက်သုံးဆီများကို ၂၀၂၂ ခုနှစ် ဩဂုတ်လ၊ လကုန်ပိုင်းအထိ ပြည့်စုံလုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီးဖြစ်ပါသည်။ ဆက်လက်၍ ပြည်သူများစိုးရိမ် ကြောင့်ကြမှုကင်းစွာသုံးစွဲနိုင်ရန် စက်သုံးဆီများ စဉ်ဆက်မပြတ် ဖြည့်တင်းရေးကိုလည်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ညှိနှိုင်းပေါင်းစပ်၍ စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါသည်။

၄။ သို့ဖြစ်ပါ၍ စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုများရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချခြင်းများကို တွေ့ရှိပါက သက်ဆိုင်ရာနယ်မြေဒေသအလိုက် ဖော်ပြပါဖုန်းနံပါတ် များသို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

၀၆၇- ၄၁၁၁၂၉ / ၀၉ - ၄၄၀ ၄၃၃ ၅၃၃

၀၆၇-၄၀၉၈၈၁ / ၀၉- ၆၉၉ ၆၁၁ ၁၁၆

 

နေပြည်တော်

၀၉- ၅၂၄၀၃၆၃/ ၀၆၇-၃၂၂၀၃၆

 

ရန်ကုန်တိုင်းဒေသကြီး

၀၉- ၅၁၅ဝ၁၃၀/ ၀၁- ၈၂၉၂၁၂၄

 

မန္တလေးတိုင်းဒေသကြီး

၀၉- ၅၁၄၃၂၄၄ / ၀၂- ၄၀၃၉၂၀၉

 

ပဲခူးတိုင်းဒေသကြီး

၀၉- ၅၁၄၈၅၀၅/ ၀၅၂- ၂၂၂၁၉၈၉

 

မကွေးတိုင်းဒေသကြီး

၀၉- ၅၃၄၀၅၄၈/ ဝ၆၃-၂၀၂၆၈၆၀

 

ဧရာဝတီတိုင်းဒေသကြီး

၀၉- ၉၇၆၄၈၂၅၆၃/ ၀၄၂- ၂၁၂၃၉

 

စစ်ကိုင်းတိုင်းဒေသကြီး

၀၉- ၂၅၂၀၀၄၄၄၇/ ၀၇၁- ၂၀၂၁၀၈၃

 

တနင်္သာရီတိုင်းဒေသကြီး

၀၉- ၂၅၄၁၆၇၈၉၂

 

ကချင်ပြည်နယ်

၀၉- ၅၄၀၈၄၂၇/ ၀၇၄- ၂၅၂၂၇၃၄

 

ကယားပြည်နယ်

၀၉- ၅၁၂၉၁၈၉/ ၀၈၃- ၂၂၂၁၀၇၃

 

ကရင်ပြည်နယ်

၀၉- ၅၀၅၃၅၈၄/ ၀၅၈- ၂၁၀၄၅

 

ချင်းပြည်နယ်

၀၉- ၂၄၅ ၀၀ ၄၃/ ၀၇၀-၂၀၂၁၁၂၃

 

မွန်ပြည်နယ်

၀၉- ၂၅၅ ၇၂၄ ၃၉၅ ၀၅၇- ၂၀၂၄၄၁၆

 

ရခိုင်ပြည်နယ်

၀၉- ၄၂၁၇ ၃၅၆ ၄၄ ၀၄၃- ၂၃၂၂၀

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)

၀၉- ၂၀၀၂၂၄၄/ ၀၈၂- ၂၂၀၃၀၁၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)

၀၉- ၂၀၂၈ ၂၂၈/ ၀၈၁-၂၃၄၅၀၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)

၀၉- ၉၅၃၃၄၄၉၂၁) ဝ၈၁- ၂၀၂၁၃၁၄

 

သက်ဆိုင်ရာမြို့နယ်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန