Skip to main content

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်

(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်)

ကိုဗစ်-၁၉ ရောဂါပိုး   ကူးစက်ပျံ့နှံ့မှုကို  ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်   လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  တားဆီးရေးအတွက် ၂၀၂၂ ခုနှစ်၊  ဩဂုတ်လ ၃၁ ရက်နေ့အထိ  ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များ မပါ)  အား  ၂၀၂၂ ခုနှစ်၊  စက်တင်ဘာလ ၃၀ ရက်နေ့အထိ  ရက်တိုးမြှင့်သတ်မှတ်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။