Skip to main content

ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ သဘောထားထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်

၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့နံနက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် တောင်တက်ကားဂိတ်အနီး၌ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးလာကြသော အပြစ်မဲ့ဘုရားဖူးပြည်သူ ၃ ဦးသေဆုံးခြင်း၊ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခြင်းများအတွက် စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိရပါသည်။

၂။ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ယူခြင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်နေသာ အပြစ်မဲ့ပြည်သူများအား ပစ်ခတ်တိုက်ခိုက်သည့် လူသားမဆန်သော အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံ

ချစ်ကြည်ညီညွတ်ရေးအဖွဲ့