၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်
၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ကင်မွန်းချောင်းတောင်တက်စခန်းအား၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးလာကြသော အပြစ်မဲ့ဘုရားဖူး ပြည်သူ ၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခြင်းများအတွက် စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိရပါသည်။
၂။ သီတင်းကျွတ်အခါသမယတွင် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် စေတီတော်မြတ်ကြီးသို့ အေးချမ်းစွာဖြင့် ဘုရားဖူးလာရောက်ကြသည့် အပြစ်မဲ့ပြည်သူများအား ပစ်ခတ်တိုက်ခိုက်သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ လုံးဝ(လုံးဝ)လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
မန္တလေးတိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့