၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်
၁။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ကင်မွန်းချောင်းတောင်တက်စခန်းအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခြင်းများအတွက် စိတ်မချမ်းမြေ့စွာ ကြားသိရပါသည်။
၂။ ဝါကျွတ်ကာလတွင် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် စေတီတော်မြတ်ကြီးသို့ အေးချမ်းပျော်ရွှင်စွာ ကုသိုလ်ပွားများနေခြင်းကို ပျက်စီးစေလိုသော ယုတ်ညံ့သေးသိမ်သည့် စိတ်သဘောထားဖြင့် လူမဆန်သောအကြမ်းဖက်ပြုလုပ်သည့် အကြမ်းဖက်အဖွဲ့အစည်းအား တနင်္သာရီတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
တနင်္သာရီတိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့